Browsing Category
သတင်း
3804 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
လားရှိုးက ချွေးမဖြစ်သူကို ခင်ပွန်းနဲ့ယောက္ခမတို့က သေဆုံးတဲ့အထိ ရိုက်သတ်မှုမှာ ခရစ်ယာန်ဘာသာကူးမဝင်လို့ ရိုက်တာလို့ ဆို
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် ညနေပိုင်းက ရှမ်းမြောက် လားရှိုးမြို့မှာ ချွေးမဖြစ်သူက ရိုက်နှက်ခံရပြီး သေဆုံးတဲ့ ဖြစ်စဉ်ဟာ ခရစ်ယာန်ဘာသာ မဝင်လို့ ခင်ပွန်းဖြစ်သူနဲ့ မိသားစုဝင်တွေက ဝိုင်းရိုက်တာလို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
၃၇ နှစ်မြောက် ငြိမ်းချမ်းရေတည်ဆောက်မှု အထိမ်းအမှတ်အဖြစ် အကျဥ်သား ၃၅၀ ဦးကို မိုင်းလားတပ်က လွတ်ငြိမ်းခွင့်ပြု
လာမယ့် ဇွန်လ ၃၀ ရက်မှာ ကျရောက်မယ့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- NDAA ရဲ့ ၃၇ နှစ်မြောက် ငြိမ်းချမ်းရေးတည်ဆောက်မှု အထိမ်းအမှတ်အဖြစ် အကျဥ်သား ၃၅၀ ဦးကို လွတ်ငြိမ်းခွင့်ပြုကြောင်း ဒီနေ့ ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာ စက်လှေတိမ်းမှောက်မှုကြောင့် ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေ
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြိုးတံတားအနီးရှိတဲ့ ကင်းချောင်းအတွင်း ဒီနေ့ ဇွန် ၁၅ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ခရီးသည်တင် စက်လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဦးမင်းအောင်လှိုင် တရုတ်ရောက်ချိန် စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၂၀၀ ဝန်းကျင်ကို MNDAA ထပ်လွှတ်ပေး
၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင် ၂၀၀ နီးပါးကို ကိုးကန့်တပ်-MNDAA က ပြန်လွှတ်ပေးခဲ့ကြောင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခရှိ စစ်ကောင်စီရဲ့ မိသားစုဝင်တစ်ဦးက ၎င်းရဲ့ လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။
”ဝ”က အာဏာအလွဲသုံးစားလုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စတင်အရေးယူသွားမယ်၊ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ အလုပ်သက်သေခံကတ် ပါရမယ်လို့ဆို
“ဝ” ပြည်တရားရေးကော်မတီ – WSP က “ဝ” ပြည်နယ် တရားဥပဒေစီမံခန့်ခွဲရေးကော်မတီ ပါတီကော်မတီရဲ့ ဆုံးဖြတ်ချက်အရ “ပြည်သူ့လူထု ကြီးကြပ်စောင့်ကြည့်ရေးစနစ်” ကို တည်ဆောက်လိုက်တယ်လို့ မနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကွတ်ခိုင် ငေါ့ငါ့ကျေးရွာမှာ ရွှေတူးဖော်မှုရပ်နားခြင်းမရှိတာကြောင့် လယ်ဧကရာချီ စိုက်ပျိုးမရဖြစ်နေ၊ စပါးစိုက်ရာသီ ရွှေတူးတာတွေ ယာယီရပ်ဆိုင်းပေးဖို့ တောင်းဆို
ကိုးကန့်တပ် – MNDAA ထိန်းချုပ်မှုအောက် ရောက်ရှိသွားတဲ့ ကွတ်ခိုင်မြို့နယ် မာန်နိမ်အွန်ကျေးရွာအုပ်စု ငေါ့ငါ့ကျေးရွာမှာရှိတဲ့ တုန်ပန်းရေချောင်းမှာ လက်ရှိအချိန်ထိ ရွှေတူးဖော်မှုလုပ်ငန်းတွေ ရပ်နားခြင်းမရှိတာကြောင့် လယ်ဧကရာနဲ့ချီ စိုက်ပျိုးလို့မရဖြစ်နေတယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။