ဓာတ်ပုံ – Local

မြတ်နိုး၊ ဇူလိုင် ၈

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ရေလှဲဆိပ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ဗန်းမော်က စစ်ရှောင်ကျောင်းသားတစ်ဦး ရေချိုးရင်း ပျောက်ဆုံးသွားပြီး ရှာမတွေ့သေးကြောင်း မိသားစုနဲ့ နီးစပ်သူ တွေဆီက သိရပါတယ်။

“ရေလှဲဆိပ်မှာ ရေချိုးရင်း ပျောက်ဆုံးသွားတာပါ။ ကျမတို့ မင်္ဂလာကျောင်းမှာ နေပါတယ်။ မတွေ့သေးပါဘး။ ခုထိ ရှာနေတုန်းပါ” လို့ မိသားစု နဲ့ နီးစပ်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးသွားသူဟာ အသက် ၁၆ နှစ်အရွယ် မောင်မျိုးမင်းခန့် ဖြစ်ပြီး ကျောင်းသားဖြစ်ကာ ဇူလိုင်လ ၄ ရက်နေ့ စနေနေ့က ရေလှဲဆိပ်မှာ ရေချိုးရင်း ပျောက်သွားခဲ့တာဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီ ကျောင်းသားဟာ တစ်ဦးတည်းသော သားဖြစ်ပြီး လက်ရှိမှာ အဲဒီကလေးကို ရှာဖွေတွေ့ရှိဖို့ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

“မတွေ့သေးဘူး။ သူ့အမေ နဲ့ ရေချိုးအတူလာတာ။၊ အမေက အထက်ဘက်မှာ ချိုးတာ။ သားက အောက်နားမှာ ချိုးတာ”လို့ ဒေသခံ အမျိုးသမီး တစ်ဦးကလည်း ပြောပါတယ်။

အဲဒီနေရာမှာတော့ ရွှေမြေဇာတွေ ဘက်ဖိုးနဲ့ တင်ထားတဲ့ မြေအငှားတွေရှိကာ ပြန့်ဖြစ်နေပြီး အောက်ဘက်မှာတော့ အနက်ကြီး ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒီ ရေလှဲဆိပ်ကမ်း ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိပြီး သွားလာရေး အချက်အချာကျတဲ့ ဒေသ ဖြစ်ပေမယ့် လက်ရှိမှာ စစ်ရေးပဋိပက္ခတွေနဲ့ မကြာခဏဆိုသလို ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရတဲ့ နေရာတစ်ခု ဖြစ်တယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။