ပြင်ဦးလွင်မှာ မြို့သစ်စီမံကိန်းထဲပါတဲ့ ဆိုင်နဲ့ အိမ်ခန်းပေါင်း ၁၀၀ ကျော်ကို အစားထိုးနေရာ မပေးတဲ့အပြင် အတင်းအဓမ္မ ဖယ်ရှားခိုင်းလို့ ဒေသခံတွေ အခက်ကြုံ

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ ရတနာပုံ မြို့သစ်စီမံကိန်းထဲပါတဲ့ သုံးတောင်ရွာမှ ဆိုင်နဲ့ အိမ်ခန်းပေါင်း ၁၀၀ ကျော်ကို အစားထိုး နေရာမပေးတဲ့အပြင် အတင်းအဓမ္မ ဖယ်ရှားခိုင်းလို့ ဒေသခံတွေ အခက်ကြုံနေရကြောင်း ဈေးဆိုင်ခန်းငှားသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

နောင်ချိုက အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဖြတ်လိုက်ရ

ရှမ်းမြောက် နောင်ချိုမြို့နယ်က အမျိုးသားတစ်ဦး မိုင်းနင်းပြီးမှ ညာဘက်ခြေထောက် တစ်ဖက်ဖြတ်လိုက်ရတယ်လို့ မိုင်းနင်းမိသူရဲ့ အစ်မဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

ငေါ့ငါ့ကျေးရွာမှာ ရွှေတူးဖော်မှုရပ်နားခြင်းမရှိဘဲ ကိုးကန့်တပ်က သတ္တုတူဖော်မှုလုပ်ငန်းပါ ထပ်မံစတင်

ကွတ်ခိုင်မြို့နယ် ငေါ့ငါ့ကျေးရွာမှာ ကိုးကန့်တပ် – MNDAA ရဲ့ ရွှေတူးဖော်မှု ရပ်နားခြင်းမပြုတာကြောင့် ဒေသခံတွေရဲ့ လယ်ဧက ၁၀၀ ကျော် စိုက်ပျိုးလို့မရဖြစ်နေတဲ့အချိန်မှာ ငေါ့ငါ့ကျေးရွာဝန်းကျင်မှာ သတ္တုတူးဖော်မှုလုပ်ငန်းထပ်မံလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဝက်လက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ မွေးခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကိုင်း PDF ကွပ်ကဲရေးမှူး စစ်ငြိမ်းနိုင်နဲ့ရဲဘော် ၃ဦးတို့ကို NUG လက်အောက်ခံ တပ်တွေက ခေါ်ဆောင်သွားပြီး အဆက်အသွယ်ပြတ်တောက်နေ

စစ်ကိုင်း PDF ကွပ်ကဲရေးမှူးဖြစ်တဲ့ စစ်ငြိမ်းနိုင်အပါအဝင် ရဲဘော် ၃ဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံတပ်ရင်းတွေက ခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေကြောင်း သူတို့တပ်နဲ့ နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။

ကဲဘိူည်ဟြာင်းက္လာင်းတတံပ်ကိုးကာင်းကဲ ကနာည်နံင်ႎိူဝ်ႈကျောင်ပနောဘေဲႇ ပအေဲမ်ကိုက်မာ် မောကံပ်လှေင်ဘြည်အူကျံရ် ညှံမ်မိူဝ်ႈစိ ဘည်ပ္လါန်ဒေဲႈကဲ

ကောန်အီပ်ုန်ကဝ်အီဂေါည်ခေဲင်အရာပ်နီန်အူအီး က္လာင်းတဆျှိုည်ဖီမျေဒါႈ ဘိူည်ဟြာင်းက္လာင်းတ တံပ်ကိုးကာင်း MNDAA ကဲ ကနာည်နံင်ႎိူဝ်ႈဒဲႈကျောင်ပနောဘေဲႇ ခေဲင်ကီုင်းအေဲမ်ကိုက် ကပီုန်ဆျှံမ်ကဒါႇပိူည်နီန်မာ် မောကံပ်လှေင်ဘြည်အူကျံရ် ညှံမ်ယိူဝ်းစိကဲက္လာင်းဒေဲႈဆေအောႏ။

မူဆယ်မှာ အမှိုက်ကောက်နေရင်း လက်ပစ်ဗုံးပေါက်ကွဲလို့ အမျိုးသားတစ်ဦး ပွဲချင်းသေဆုံး

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်- မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ လက်ပစ်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး အမှိုက်ကောက်နေတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲ ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ် အသေခံဒရုန်းနဲ့ ဗုံးကြဲလို့ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ နတ်ကုန်းရွာသစ်နဲ့ ဝက်လူးအိုင်ရွာထဲကို စစ်ကောင်စီတပ်ဘက်က အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွက်ခိုင်မှာ စာသင်ကျောင်းဖွင့်ဖို့ ကိုးကန့်တပ်ထံ စာတင်ထားပေမယ့် တစ်လနီးပါးကြာတဲ့အထိ အကြောင်းပြန်လာတာ မရှိသေး

ရှမ်းမြောက် ကွတ်ခိုင်မြို့ထဲကို စာသင်ကျောင်းတွေ ဖွင့်လှစ်ဖို့ ကိုးကန့်တပ် MNDAA ဆီ စာတင်ထားပေမယ့် တစ်လနီးပါးကြာတဲ့အထိ အကြောင်းပြန်လာတာ မရှိသေးကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့မှာ သက်ငယ် အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား ၂ ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီး

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နဲ့ နမ့်ခမ်းမြို့နယ်မှာ သက်ငယ်အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား ၂ ဦးကို မြို့နယ်တအာင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ TNLA က ဒီနေ့ ဇွန်လ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။