ကချင်ပြည် ကံပိုင်တည်လမ်း မြေထပ်ပြိုလို့ လမ်းထပ်ပိတ်

ကချင်ပြည်နယ်၊ တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရာ အဓိကလမ်းကြောင်းတစ်ခုဖြစ်တဲ့ မြစ်ကြီးနား – ကံပိုင်တည် လမ်းမှာ မိုးအဆက်မပြတ် ရွာသွန်းလို့ ဇူလိုင်လ ၁၅ ရက်နေ့က မြေတွေပြိုလို့ လမ်းတွေ ထပ်ပိတ်သွားကြောင်း ကုန်တင်ယာဉ်မောင်းတွေဆီက သိရပါတယ်။

MNDAAက ပြုလုပ်တဲ့ အစည်းအဝေးကနေ ပြန်လာတဲ့ နားဟွယ်သူကြီး လမ်းမှာ MNDAAရဲ့ ရိုက်နှက်ခြင်းကို ပြန်ခံရ

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းကျေးရွာသို့ MNDAA-ကိုးကန့်တပ်ကပြုလုပ်တဲ့ အစည်းအဝေးကိုတက်ပြီး ပြန်လာတဲ့ နားဟွယ်ရွာသူကြီးကို MNDAA က ‌ရိုက်နှက်ခဲ့လို့ ဒဏ်ရာရခဲ့ကြောင်း ရွာခံ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မြိုင်မြို့နယ်က အမျိုးသား ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်

မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အရာတော်မှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပေါက်မြို့နယ် ထောက်ရှာပင်ရွာက နေအိမ် ၅၄ ကျော်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

မကွေးတိုင်း ပေါက်မြို့နယ် ထောက်ရှာပင်ရွာက နေအိမ် ၅၄ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း- မြိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

MNDAA နဲ့ စစ်ကောင်စီတပ်တို့ လားရှိုးမှာ ထပ်မံတွေ့ဆုံပြီးနောက် စစ်သုံ့ပန်း ၄၀ ကျော်ပြန်လွှတ်

ကိုးကန့်တပ် – MNDAA နဲ့ စစ်ကောင်စီတပ်တို့ လားရှိုးမြို့ ဆင်၂ကောင်ဟိုတည်မှာ တွေ့ဆုံဆွေးနွေးမှု ပြလုပ်ပြီးတဲ့နောက် ကိုးကန့်တပ်ဖက်က ဖမ်းဆီးရမိတဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၄၁ ဦး ပြန်လွှတ်လာတယ်လို့ တပ်မိသားစုဝင်တွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြနေကြပါတယ်။

မန့်ဝိန်းကြီး နဲ့ မိုင်ဂျာယန် လမ်းပိုင်းပြုပြင်မယ့် ကာလအတွင်း ကုန်တင်ကားကြီးတွေ သွားလာခွင့် ယာယီ ပိတ်မည်

ကချင်ပြည်နယ်၊ မန့်ဝိန်းကြီး နဲ့ မိုင်ဂျာယန် လမ်းပိုင်း လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး စတင်ပြုပြင်တော့မှာ ဖြစ်တာကြောင့် ပြုပြင်မယ့် ကာလအတွင်း ကုန်တင်ကားကြီးတွေ သွားလာခွင့် ယာယီ ပိတ်မှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

လားရှိုး (ရမခ)အနီး လေယာဉ်ကွင်းလမ်းမှာ အမျိုးသားတစ်ဦး ဓားပြတိုက်ခံရ၊ ငွေ သိန်း ၄၀ ပါသွား

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနီး လေယာဉ်ကွင်းလမ်းဘက်မှာ အမျိုးသားတစ်ဦး ဓားပြတိုက်ခံရပြီး ငွေ ကျပ်သိန်း ၄၀ခန့် ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ထိုင်းဘက်က စက်သုံးဆီ တင်သွင်းမှု ကန့်သတ်လိုက်တယ်ဆိုတဲ့သတင်းကြောင့် ဆီပြတ်လတ်မှာကို စိုးရိမ်လို့ ရှမ်းအရှေ့က ဒေသခံတွေ စက်သုံးဆီကို အလုအယက်ဝယ်ယူနေကြ

ရှမ်းအရှေ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံနဲ့ ကျိုင်းတုံ စတဲ့မြို့နယ်တွေမှာ ထိုင်းဘက်က စက်သုံးဆီ ပုံမှန်တင်သွင်းတာထက် လျော့ပြီး ပေးတာကြောင့် ဆီပြတ်လတ်မှာကို စိုးရိမ်လို့ ဒေသခံတွေက အလုအယက်ဝယ်နေကြသလို တချို့သော အရောင်းဆိုင်တွေက ပိတ်ထားကြောင်း တာချီလိတ်ရှိ မြို့ခံအမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

တရုတ်ဘက်က ရေကာတာ ဖွင့်ချမှုကြောင့် နမ့်ခမ်းမြို့ရှိ ရွှေလီမြစ် ရေစမြင့်တက်နေ

တရုတ်ပြည်ဘက်ရှိ လောင်းကျန်းရေကာတာကို တရုတ်ဘက်က ရေဖွင့်ချမှုကြောင့် နမ့်ခမ်းမြို့ရှိ ရွှေလီမြစ်ဟာ တဖြည်းဖြည်းနဲ့ ရေမြင့်တက်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။