နမ့်ဖတ်ကာကျေးရွာက တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ဝင်ရောက်စစ်ဆေးပြီး ဒေသခံတချို့ ဖမ်းဆီးခံရ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာက တအာင်းလူမျိုးရဲ့ နေအိမ်တွေကို ကိုးကန့်တပ်-MNDAAက ဝင်ရောက်စစ်ဆေးပြီး ဒေသခံတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၅ မိုင် အဝင်အထွက်ကို ကိုးကန့်တပ် ပိတ်ဆို့ထား

ညီနောင်မဟာမိတ် ၃ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်ထဲကို ကိုးကန့်တပ် MNDAA က အဝင်အထွက်ကို ပိတ်ထားကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

TNLA နဲ့ MNDAA ရဲ့ တိုက်ပွဲကြား ကွတ်ခိုင်လူထုတွေ ပိတ်မိနေ

တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA တို့ရဲ့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ခံတွေ တိုက်ပွဲကြား ပိတ်မိနေတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျုဟာကုန်းကို ကိုးကန့်တပ်ဘက်က အပြင်းအထန်ထိုးစစ်ဆင်နေ၊ ကိုးကန့်တပ်ဘက်က ဒရုန်းဗုံး ရာချီအသုံးပြုတိုက်ခိုက်နေ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်ဗျူဟာကုန်းကို ကိုးကန့်တပ်ဘက်က အပြင်းအထန် ထိုးစစ်ဆင်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု များတယ်လို့ မြေပြင်သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ်ရဲ့အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း နေပြည်တော်ကို ရောက်ချိန် ကိုးကန့်တပ်က တအာင်းတပ်ကို အချိန်ကိုက် ထိုးစစ်ဆင်တိုက်ခိုက်

တရုတ်ရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရွှီကျွင်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ကို ရောက်နေချိန်မှာပဲ ကိုးကန့်တပ်က တအာင်းတပ်ကို အချိန်ကိုက် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

ဖားကန့်မှာ ပေါ်တာ ဆွဲမှုကြောင့် ဒေသခံတွေ အလုပ်ခွင်ထဲ မသွားရဲဖြစ်နေ

ကချင်ပြည်နယ် ဖားကန့်မြိုမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပေါ်တာ လိုက်ဆွဲမှုကြောင့် ဒေသခံတွေ အလုပ်ခွင်ထဲ မသွားရဲကြဘဲ ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းလားမှာ လေပြင်းတိုက်ခတ်လို့ ကမ်းဘေးက ဆိုင်ခန်း ၁၀၀ ကျော် ပျက်စီး

ရှမ်းအရှေ့ မိုင်းလားမြို့မှာ လေပြင်းတိုက်ခတ်မှုကြောင့် ကမ်းဘေးနားက ဆိုင်ခန်းပေါင်း ၁၀၀ ကျော်က ပျက်စီးခဲ့ရတယ်လို့ မိုင်းလားမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုး-နမ္မတူလမ်းကို ကိုးကန့်တပ်ဘက်က ကုန်ပစ္စည်း သယ်ယူခွင့် ပိတ်ထားတာကြောင့် ကုန်ကားအများစု ပိတ်မိနေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ဒေသဘက် ကုန်စည်တွေ မရောက်အောင် ရှမ်းမြောက် လားရှိုး-နမ္မတူလမ်းကို ကိုးကန့်တပ်က သယ်ယူခွင့် ပိတ်ထားတာကြောင့် ကုန်ကားအများစု ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

မိုးမိတ်မှာ စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲအထိ ဈေးမြှင့်တက်လာ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာလည်း စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲအထိ ဈေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ ညောင်လေးပင်မြို့နယ်က လူထု ၃၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ NUG ပြော

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီတပ် ဓားစာခံအဖြစ် ဖမ်းဆီးထားတဲ့ လူထု ၃၀၀ ကျော်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ရဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက မနေ့ မတ်လ ၁၀ ရက်မှာ ထုတ်ပြန်လာပါတယ်။