ဓာတ်ပုံ- Google

ရွှေဖီမြေ၊ မတ်လ ၁၂ ရက်၊ ဖားကန့်

ကချင်ပြည်နယ် ဖားကန့်မြိုမှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပေါ်တာ လိုက်ဆွဲမှုကြောင့် ဒေသခံတွေ အလုပ်ခွင်ထဲ မသွားရဲကြဘဲ ဖြစ်နေတယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဆိုင်းတောင်၊ ဖားပြင်နဲ့ မမုံ စတဲ့ကျေးရွာတွေမှာ ၂၄ နာရီပတ်လုံး တပ်သားသစ် လိုက်လံ စုဆောင်းနေတာကြောင့် ဒေသခံတွေအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

‌ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “သူတို့က အမြဲဆွဲနေတာ။ ညရော မနက်ရော ၂၄ နာရီလုံး လိုက်ဆွဲနေတာ။ လူတွေလည်း ကြောက်တော့ အလုပ်မသွားရဲကြတော့ဘူး။ ဘာမှကို အလုပ်မဖြစ်တာ။ ပြည်သူတွေအတွက် အဆင်မပြေဘူး။ အဝေးကနေ အလုပ်လာလုပ်တဲ့ လူတွေကတော့ ဒုက္ခတော်တော်ရောက်တယ်။ လုပ်စားလို့လည်းမရ။ အလုပ်သွားရင်လည်း အဖမ်းခံရမယ်” လို့ ပြောပါတယ်။

ဖားကန့်မြို့ပေါ် လက်နက်ကိုင်တပ်တွေက အလုပ်ကနေ အသွားအပြန် လုပ်နေသူနဲ့ အလုပ်ခွင်မှာရှိတဲ့သူတွေကိုပါ ပေါ်တာ ဆွဲတာတွေ ပြုလုပ်နေတယ်လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့က နေရာအစုံကို လိုက်ဆွဲနေတာ။ အများဆုံးက မှော်နဲ့ကျောက်ဝိုင်းတွေမှာ အများဆုံးဘဲ။ ဒီမှာရှိတဲ့လူတွေက အလုပ် မသွားရဲဘူး။ ကျောက်ရှာလည်း မထွက်ရဲကြဘူး။ တော်တော်များများက အိမ်ထဲကနေ အိမ်အပြင်ကို မထွက်ရဲကြတာ။ တွေ့ရင်တွေ့သလို ဆွဲသွားတာ။ အသိတွေထဲကတောင် ၄၊ ၅ ယောက် ပါသွားတယ်”

ပေါ်တာ ဆွဲခံရလို့ ပါသွားတဲ့သူတွေထဲ လူအနည်းစုသာ ပြန်လည်လွှတ်မြောက်လာပြီး အများစုက ဆက်လက် ထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

“အခု သူတို့ ဖမ်းမိပြီဆိုရင် လွယ်လွယ်နဲ့ ပြန်မလွတ်ပေးတော့ဘူး။ ပြန်လွတ်လာတဲ့သူတွေတော့ ရှိတယ်။ ပိုက်ဆံကြောင့် ပြန်လွှတ်လာတဲ့သူတွေချည်းဘဲ။ လူတော်တော်များများတော့ ပါသွားတယ်။ လူဦးရေတော့ မသိဘူး။ ပါသွားတဲ့လူ‌တွေလည်း ပြန်လွှတ်နိုင်ခြေ မရှိဘူး”

အခုလို ပေါ်တာ ဆွဲနေတာဟာ ၅ လကျော်လောက် ရှိပြီလို့ ဒေသခံတွေက ပြောဆိုကြပြီး ပေါ်တာ လိုက်ဆွဲနေတဲ့တပ်ဖွဲ့ဟာ ကချင်တပ်မတော်- KIA နဲ့ပူးပေါင်းတပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။