တရုတ်ဘက်က ခြံစည်းရိုးနယ်နိမိတ်အဖြစ် စိုက်ထူနေတဲ့ တရုတ်အလံတိုင် မူဆယ်မြို့အနီးထိ လာရောက် စိုက်ထူထား

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ တရုတ်နိုင်ငံဘက်က ခြံစည်းရိုး နယ်နိမိတ်အဖြစ် စိုက်ထူနေတဲ့ တရုတ်အလံတိုင်တွေဟာ မြို့နားအထိ ရောက်ရှိလာနေပြီဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်သူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူမယ်လို့ တရုတ်ဘက်က ‌သတိပေး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်နဲ့ နန်းတော်ပေါက်ဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်ယူသူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူသွားမယ်လို့ တရုတ်ဘက်က စာထုတ်ပြန်ကာ သတိပေးထားပါတယ်။

မင်းအောင်လှိုင် တရုတ်ကနေ ပြန်လာပြီးနောက် တရုတ်ပြည်ရှိ မြန်မာနိုင်ငံသားကို တရုတ်က ဆက်တိုက်ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာတွေ လုပ်လာ၊ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဖို့အတွက် ပြန်ပို့တာလို့ဆို

ရှမ်းမြောက် မူဆယ်-တရုတ်နယ်စပ်ကနေတဆင့် တရုတ်နိုင်ငံဘက် ယာယီ နယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်- TBP ကိုင်ဆောင်တဲ့ တစ်ပတ်ကတ်နဲ့ ဝင်လာပြီး ရက်လွန် နေထိုင်သူနဲ့ ခိုးပေါက်ကနေ ဝင်လာတဲ့သူတွေကို တရုတ်ရဲက လိုက်လံ ဖမ်းဆီးပြီးတော့ မြန်မာဘက် ပြန်ပို့ပေးနေပါတယ်။