ကသာမြို့က စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်း လေကြောင်း တိုက်ခိုက်ခံရ၊ သံဃာအပါအဝင် စစ်ရှောင် ၄၀ ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း ကသာမြို့မှာ စစ်ရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံယာတော်အပါအဝင် စစ်ရှောင် ၄၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြေပြင်ရှိ သတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျွန်းလှမြို့နယ်က သဖန်းဆိပ်ဆည်မှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရ ၂ ဦး ပျောက်ဆုံးနေ

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်ရှိ ရွှေဖောင်တွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ဒဏ်ရာ ရခဲ့တဲ့အပြင် ၂ ဦး ပျောက်ဆုံးနေတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က မနေ့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၁၀၅ မိုင်ရှိ တအာင်းရွာအားလုံး အသက် ၁၈ နှစ်ပြည့်တဲ့သူတွေ လာရောက်စစ်မှုထမ်းရမယ်လို့ ကိုးကန့်တပ်က ခြိမ်းခြောက်၊ TNLA တပ်သားတွေကိုလည်း သူတို့ထံ စစ်မှုထမ်းဖို့ပြောပြီး လစာပေးမယ်လို့ ဆို

ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ တအာင်းကျေးရွာအားလုံး အသက် ၁၈ ပြည့်တဲ့သူတွေ လာရောက်စစ်မှုထမ်းဖို့ ကိုးကန့်တပ်မ‌တော်- MNDAA က ခြိမ်းခြောက်ပြောဆိုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘီလင်းမြို့နယ်က တရုတ်တွေ လာရောက်လုပ်ကိုင်တဲ့ ရွှေမျောလုပ်ကွက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရွှေမျောလုပ်ကိုင်သူ ၂ ဦးသေဆုံး

မွန်ပြည်နယ် ဘီလင်းမြို့နယ်က တရုတ်တွေ လာရောက်လုပ်ကိုင်တဲ့ ရွှေမျောလုပ်ကွက်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ရွှေမျောလုပ်ကိုင်သူ ၂ ဦးသေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ်ရဲ့ ဒရုန်းဗုံးကြဲမှုနဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ကွတ်ခိုင်မှာ ကလေး ၁ ဦးအပါအဝင် ဒေသခံ အနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

ကွတ်ခိုင်တိုက်ပွဲအတွင်း ကိုးကန့်တပ်-MNDAA ရဲ့ ဒရုန်းဗုံးနဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ကလေး ၁ ဦးအပါအဝင် ဒေသခံအနည်းဆုံး ၈ ဦးသေဆုံးခဲ့ပြီး ကလေး ၄ ဦးအပါအဝင် ဒေသခံ ၇ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေစီက သိရပါတယ်။

MNDAA နဲ့ TNLA အကြား အပစ်ရပ်နိုင်ဖို့ ဆွေးနွေးနေချိန် ကွတ်ခိုင်မြို့နယ်က ဒေသခံတစ်ဦးကို ကိုးကန့်တပ်ဘက် ပစ်သတ်ခဲ့၊ သတင်းမပေါက်ကြားစေဖို့ ကျေးရွာထဲကနေ ထွက်ခွင့်ကို ပိတ်ထား

တအာင်းတပ်မတော် – PSLF/TNLA နဲ့ ကိုးကန့်တပ်မတော် – MNDAA အကြား အပစ်ရပ်ဖို့ ဆွေးနွေးနေချိန် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ပန်ကူအုပ် မန်ပြိန်းရွာခံ အမျိုးသားတစ်ဦးကို ကိုးကန့်တပ်ဘက်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

နမ့်ဖတ်ကာက အမျိုးသားတစ်ဦးကို MNDAA ဖမ်းဆီးပြီး အပြင်းအထန် ရိုက်နှက်နှိပ်စက်ခဲ့၊ ၂ ဦး ဖမ်းဆီးထိန်းသိမ်းထား

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာထဲက ရပ်ကွက်တစ်ခုမှာ နေထိုင်တဲ့ ဒေသခံအမျိုးသား ၃ ဦးကို ကိုးကန့်တပ်- MNDAA က ဖမ်းဆီး‌ခေါ်ဆောင်သွားပြီး ၁ ဦးကို အပြင်းအထန် ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းက တအာင်းအမျိုးသား ၃ ဦးကို ကိုးကန့်တပ်က ကွတ်ခိုင်မှာ ဖမ်းဆီးထား

တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နယ် တွန်ဟုန်းအုပ်စု နမ့်စန် (နမ့်ကျောင်)ရွာမှာ နေထိုင်တဲ့ တအာင်းအမျိုးသား ၃ ဦးကို ကိုးကန့်တပ်- MNDAA က ကွတ်ခိုင်မြို့နယ် ပိန်းဟွယ်ရွာအနီးဝန်းကျင်မှာ ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သရက်ချောင်းမြို့နယ်က အရပ်သား ၇ ဦးကို စစ်ကောင်စီတပ် သတ်ဖြတ်သွား

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား ၇ ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့်တပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြို့နယ်က ဒေသခံ ၂ ဦး သေဆုံး၊ ထိခိုက်သေဆုံးမှု များနိုင်

ကိုးကန့်တပ်- MNDAA ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ထဲက ဒေသခံ ၂ ဦး သေဆုံးပြီး နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြအချက်အရ သိရပါတယ်။