ရွာငံမြို့နယ်ထဲက တောင်ပိုင်းရွာတွေဘက် တိုက်ပွဲ ဖြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို အရေးပေါ် ရှောင်ခိုင်းနေ

ရှမ်းတောင် ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စုအပါအဝင် ရွာငံတောင်ပိုင်းရွာတွေဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF နဲ့ တိုက်ပွဲ ဖြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က အမြန်ရှောင်ခိုင်းနေတာကြောင့် ဒေသခံတွေ အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဝ”က ဖမ်းဆီးရမိတဲ့ ကျပ်သိန်း ထောင်နဲ့ချီ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေး

“ဝ”ပြည် တရားရေးကော်မတီ- WSP က ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး (ICE, Heroin, Ephedrine) စုစုပေါင်း ၁၇.၂ ကီလိုဂရမ်ကို တရုတ်ထံ ထပ်မံ လွှဲပြောင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

‎ကွတ်ခိုင် မုံးစီးရှိ TNLA တပ်သားဟောင်း ၆ ဦးနဲ့ ရွာခံတစ်ဦးကို MNDAA ဖမ်းဆီး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသက တအာင်းတပ်- TNLA ရဲ့ တပ်သားဟောင်းနဲ့ ရွာခံ စုစုပေါင်း ၇ ဦးကို ကိုးကန့်တပ်- MNDAA က ဖမ်းဆီးသွားကြောင်း ဖြစ်စဉ်သိရှိတဲ့ သတင်းအရင်းအမြစ် အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ရှမ်းမြောက်တောင်တန်းတွေရဲ့နောက်ကွယ်က အမျိုးသမီးတွေရဲ့ဘဝ

တိမ်ခိုး ဝေ့ဝဲနေတဲ့ တောင်တန်းပြာတွေက ပွေ့ဖက်ထားတဲ့ ရှမ်းမြောက်မြေဟာ သဘာဝတရားရဲ့ အနုပညာလက်ရာမွန်တစ်ခုလို ဆန်းကြယ်လှပလွန်းပါတယ်။ စိမ်းစိုနေတဲ့ တောင်စောင်းတွေ၊ လှိုင်းထရေပြင်ပမာ ယိမ်းထွက်နေတဲ့ တောင်ယာခင်းတွေနဲ့အတူ အလှအပကို ပြနေတဲ့ ပျိုမဒီတစ်ပါးလိုပါပဲ။

ချင်းပြည်မြောက်ပိုင်းကို အထူးရဲကွန်မန်ဒို အင်အား ၁ ထောင်ကျော် ဖြည့်တင်းထား

ချင်းပြည်နယ်မြောက်ပိုင်းဘက်က မြို့နယ်တွေကို စစ်ကောင်စီက အထူးရဲကွန်မန်ဒိုအင်အား ၁ ထောင်ကျော် ပို့ဆောင်ထားတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဘာသာရေးအစွန်းရောက် ဟောပြောသူ စိမ့်ဝင်တာကြောင့် “ဝ”ဒေသက ဘုရားကျောင်းတချို့ ယာယီပိတ်၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ

“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က ဒေသတွင်း ဘာသာရေးအစွန်းရောက် ဟောပြောသူတွေ စိမ့်ဝင်တာကြောင့် “ဝ”ဒေသက ဘုရားကျောင်းတချို့ ယာယီ ပိတ်ထားရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နွန်ထဘူရီရှိ စာသင်ကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်၊ ၇ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင် ဘန်ခရူအိုင်မြို့မှာရှိတဲ့ ဒက်ဆီရင် နွန်ထဘူရီ (Debsirin Nonthaburi) စာသင်ကျောင်းမှာ ဒီနေ့ သြဂုတ် ၇ ရက် မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၇ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

လားရှိုး အီနိုင်းရွာမှာ ရေကြီးရေလျှံမှုကြောင့် ကားတွေ ဖြတ်သန်းသွားလာလို့မရ

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာမှာ ချောင်းရေကြီးပြီး လမ်းမကြီးပေါ် ရေ ၅ ပေကျော် တက်လာတာကြောင့် ဖြတ်သန်းသွားလာလို့ မရ‌သေးကြောင်း အီနိုင်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကလေးမြို့မှာ လက်နက်ကိုင်ဆောင်ပြီး လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဓားခုတ်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ လက်နက်ကိုင်ဆောင်ပြီး လူငယ်တွေနဲ့ လူလတ်ပိုင်းတွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးနေတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူး(ဟောင်း) ဓားနဲ့ ခုတ်ခံရတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ရှမ်းမြောက်က မြို့နယ် ၉ ခုမှာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေ

ရှမ်းမြောက်ရှိ မြို့နယ် ၉ ခုအပြင် မန္တလေးတိုင်း မိုးကုတ်မြို့မှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။