ဓာတ်ပုံ- KNU

ရွှေဖီမြေ၊ ဩဂုတ် ၁၁ ရက်၊ လယ်ဒို

ကရင်ပြည်နယ် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်သား ၄ ဦး ကရင်တပ်မတော်- KNLA တပ်ရင်း(၉)ထံ လက်နက်ချ အလင်းဝင်လာတယ်လို့ KNU က မနေ့ ဩဂုတ် ၁၀ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်မှာ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ ၆၀)က တပ်သား မျိုးမင်းဦး၊ ဩဂုတ် ၉ ရက်မှာ ခြေမြန်တပ်ရင်း (ခမရ ၅၉၆)က တပ်သား မိုးအေး၊ တပ်သား မမင်းခန့်နဲ့ တပ်သား ရဲမင်းအောင်တို့ အလင်းဝင်လာတာပါ။

တပ်သား မျိုးမင်းဦးဟာ သူနဲ့အတူ ပါလာတဲ့ MA-4 ၁ လက်၊ ၄၀ မမ ကျည် ၁၁ လုံး၊ ကျည်ဘောက် ၃ ခုနဲ့ ၅.၅၆ ကျည် ၃၀၃ တောင့် ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၎င်းတို့ ၄ ဦးစလုံးဟာ စစ်တပ်ရဲ့ အုပ်ချုပ်မှုစနစ်အောက်မှာ ဆက်လက်နေထိုင်လိုခြင်း မရှိတော့တာကြောင့် အလင်းဝင်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်းခံနေရတဲ့ တပ်သား၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ရဲ့ အသက်အန္တရာယ်နဲ့အနာဂတ်ကို ကာကွယ်နိုင်ဖို့အတွက် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံးက ထပ်မံ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃ ရက်မှာ တပ်မ(၂၂) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၂၀၃ နဲ့ ခမရ ၂၁၀ တို့က ဒေါနအရှေ့ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်လာချိန် KNLA နဲ့ပူးပေါင်းတပ်ဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် ခမရ ၂၀၃ မှ ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအဝင် စစ်ကြောင်းတစ်ခုလုံးနီးပါး သေဆုံးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။