ဓာတ်ပုံ – Local (CCTY)

‎ပပ၊ ဇူလိုင် ၃၁ ရက်၊ မူဆယ်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့က ဂိမ်းဆိုင်တစ်ခုမှာ ချစ်သူရည်းစားပြဿနာကြောင့် သေနတ်နဲ့ပစ်ခံရလို့ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ၎င်းနဲ့နီးစပ်တဲ့ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ ဇူလိုင် ၃၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်ရှိ ဂိမ်းဆိုင်တစ်ခုမှာ သေနတ်ကိုင်တဲ့ အမျိုးသားတစ်ဦးက ဆိုင်ထဲက အမျိုးသားကို ဝင်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

‎၎င်းနဲ့နီးစပ်သူ အမျိုးသားက “ကျနော် သိရသလောက်က ကောင်မလေးက နှစ်ယောက် တွဲနေတာတဲ့။ သူ့ရဲ့ကောင်မလေးက နောက်ထပ် ကောင်လေးတစ်ယောက်နဲ့ ဆိုင်ထဲ ထိုင်နေကြတုန်းကို သူကတွေ့တော့ သေနတ်လုပြီး ပစ်လိုက်လို့ အဲမှာပဲ သေသွားတာ” လို့ ပြောပါတယ်။

‎သေနတ်ပစ်ခဲ့တဲ့ အမျိုးသားဟာ ဆိုင်ရှေ့က လုံခြုံရေး လုပ်ပေးနေတဲ့ ပြည်သူ့စစ်နဲ့ သူငယ်ချင်းဖြစ်ပြီး သေနတ်လုယူ ပစ်ခတ်ခဲ့တာလို့ အထက်ပါ အမျိုးသားက ဆက်ပြောပါတယ်။

‎ပစ်ခတ်ခံရတဲ့ အမျိုးသားဟာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး နာမည်နဲ့ နေရပ်ကိုတော့ မသိရသေးပါဘူး။

‎လက်ရှိမှာတော့ ‌သေနတ်ပစ်ခတ်ခဲ့သူ အမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ပြောဆိုပေမဲ့ ရွှေဖီမြေကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

‎၎င်းဂိမ်းဆိုင်ကို မူဆယ်မြို့မ(၂) ပြည်သူ့စစ်အဖွဲ့က လုံခြုံရေး ပေးထားတာဖြစ်ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎စစ်‌ကောင်စီတပ် ထိန်းချုပ်ထားပြီး ပြည်သူ့စစ်ပေါင်းစုံရှိတဲ့ မူဆယ်မြို့မှာ အခုလိုဖြစ်စဉ်တွေ မကြာခဏ ဖြစ်ပွားနေသလို ခိုးမှု၊ ဓားပြတိုက်မှုနဲ့ လုယက်မှုအပြင် ပြန်ပေးဆွဲမှုလည်း ဖြစ်ပွားနေပေမဲ့ သက်ဆိုင်ရာက တစ်စုံတစ်ရာ တာဝန်ယူ ဆောင်ရွက်တာ မရှိကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောဆိုထားဖူးပါတယ်။

‎ ~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မိုင်းလားကနေတစ်ဆင့် တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် တရုတ်ဘက်က ဖမ်းဆီးပြီး NDAA ထံ လွှဲပြောင်း၊ NDAAက စစ်ကောင်စီထံ ပြန်ပို့နေတယ်လို့ အလုပ်သမားတွေပြော

အမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်ရဲတွေက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့ မောင်နှမ ၂ဦးသာရှိတဲ့ နေအိမ်တစ်

‎စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့က နေအိမ်တစ်ခုမှာ အနုကြမ်းစီး ဓားပြတိုက်ခံရပြီး နေအိမ်ရှိ အမျိုးသမီး ၂ ဦးကိုလည်း သတ်ဖြတ်သွားခဲ့ကြောင်း ရပ်ကွက်နေ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်သူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူမယ်လို့ တရုတ်ဘက်က ‌သတိပေး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်နဲ့ နန်းတော်ပေါက်ဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်ယူသူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူသွားမယ်လို့ တရုတ်ဘက်က စာထုတ်ပြန်ကာ သတိပေးထားပါတယ်။

လားရှိုး ဟူးမွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်အဖြစ် မဲအနိုင်ရခဲ့သူကို အုပ်ချုပ်ရေးမှူးအဟောင်းက နေရာမဖယ်ပေး

ရှမ်းမြောက် လားရှိုးမြို့နယ် ဟူးမွန်ကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒမဲနဲ့ ရွေးချယ်မှုပြုလုပ်ခဲ့ပြီး ဒေသခံတွေရွေးချယ်တင်မြှောက်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးအသစ်ကို ကိုးကန့်တပ် – MNDAA နဲ့ ပက်သက်မှုရှိလို့ဆိုပြီး အုပ်ချုပ်ရေးမှူးဟောင်းက နေရာမဖယ်ပေးဘူးလို့ ဒေသခံတွေဆီကနေ သိရပါတယ်။