ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဇူလိုင် ၁၃ ရက်၊ ကွတ်ခိုင်

ကိုးကန့်တပ်- MNDAA က ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ တအာင်းတပ် – TNLA ရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ချိန်မှာ ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်နဲ့ ရွာဘုန်းကြီးကျောင်းအဆောင်တွေ ပြန်လည်ပြုပြင်ပေးမယ်လို့ ကိုးကန့်ဘက်က ပြောဆိုထား‌ပေမယ့် လက်ရှိအချိန်ထိ လာပြုပြင်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်က ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ စာသင်‌ကျောင်းအပါအဝင် ရွာဘုန်းကြီးကျောင်းအဆောင်တွေရဲ့စာရင်းကို လာရောက်ကောက်ခံပြီး လျော်ကြေးပေးမယ်လို့ ပြောဆိုထားပေမဲ့ ၃ လကျော် ကြာတဲ့အထိ လာပေးတာ မရှိဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့လာထိန်းချုပ်ကတည်းက ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေ အကုန်ပြန်ပြင်ပေးမယ်ဆိုပြီး သူတို့လာပြောတယ်။ ဘယ်လောက်ပေးမယ်ဆိုတာ‌ ကန့်သတ်ချက်တော့ မရှိဘူးပေါ့။ လာကြည့်ပေးမှာပေါ့ဆိုပြီး အခုချိန်ထိ ဘာမှမကြားရတော့ဘူး။ သေဆုံးတဲ့သူတွေအတွက်‌တော့ သူတို့ပေးပြီ။ အဓိက ဘုန်းကြီးကျောင်းတွေကိုပဲ ဦးစားပေးစေချင်တယ်”

ကွတ်ခိုင်တိုက်ပွဲအတွင်း ကိုးကန့်တပ်က မန်ထန်ရွာဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ လာ‌ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပျက်စီးသွားခဲ့တာကြောင့် လက်ရှိမှာ ဘုန်းကြီးတွေက ကွတ်ခိုင်မြို့ရှိ ဟိုကျန့်ရွာက ဘုန်းကြီးကျောင်းမှာ ပြောင်း‌ရွှေ့နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“လွယ်ဆိုင်၊ မန်ထန်၊ ရွှေကမ္ဘာအေးကျောင်းတွေ အကုန်ထိတယ်လေ။ မန်ထန်ကျောင်းဆို အခုက ဝါ‌ဝင်တော့မှာဆိုတော့ ဘုန်ကြီးတွေ နေစရာနေရာမရှိတော့ဘူး။ အကုန်ပျက်စီးကုန်နေပြီ။ အရင်က မိုးမရွာတော့ ဘာမှသိပ်မဖြစ်ဘူးလေ။ အခုက မိုးတွင်း‌လည်း ရောက်လာပြီဆို‌တော့ တခြားနေရာမှာ ဘုန်းကြီးတွေ ပြောင်းရွှေ့နေရတယ်”

ဒရုန်းဗုံးကြောင့် ဟိုကျန့်၊ လွယ်ဆိုင်၊ မန်ထန် ကျေးရွာက နေအိမ် ၁၅ လုံး၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ တအာင်းအရပ်ဖက် အဖွဲ့အစည်း – TCSO ရဲ့ စာရင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်က တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ တာမိုးညဲနဲ့ မုံးစီးရှိ TNLA ရဲ့ တပ်စခန်းတွေကို ကိုးကန့်တပ် တပြိုင်ထဲ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကိုးကန့်တပ်ရဲ့ ကွတ်ခိုင်ထိုးစစ်အတွင်း အနည်းဆုံး နေအိမ် ၁၂ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့

ကွတ်ခိုင်မှာ ကိုးကန့်တပ်- MNDAA က တအာင်းတပ်- TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း အနည်းဆုံး နေအိမ် ၁၂ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ လုပ်ကွက် မြေစာပုံ ထပ်မံပြိုကျလို့ ရေမဆေးကျောက်လုပ်သား အနည်းဆုံး ၄ ဦး ပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်နဲ့ ကောင်စံရွာကြားရှိ စိန်လုံတောင်တန်းကြောက ကုမ္ပဏီလုပ်ကွက်တခုမှာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာလုပ်သား အနည်းဆုံး ၄ ဦး မြေစာပုံအောက် ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မူဆယ်မှာ ပြည်သူ့စစ် မောင်းလာတဲ့ ကားက ကုန်စုံဆိုင်တစ်ခုကို ဝင်တိုက်လို့ ဆိုင်ရှင်အမျိုးသမီးတစ်ဦး ဒဏ်ရာရ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပြည်သူ့စစ်တစ်ဦး မောင်းနှင်လာတဲ့ကားက ကုန်စုံဆိုင်တစ်ခုကို ဝင်တိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကွတ်ခိုင် မော်ဟန်ဂိတ်မှာ KIA နဲ့ MNDAA ပွတ်တိုက်မှု ထပ်မံဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ရွာက ကချင်တပ်မတော်- KIA ဂိတ်မှာ မနေ့ ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းက KIA နဲ့ MNDAA(ကိုးကန့်တပ်)တို့အကြား ပွတ်တိုက်မှု ထပ်မံ ဖြစ်ပွါးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။