ဓာတ်ပုံ – မန်တုံမြို့မြင်ကွင်း

ရွှေဖီမြေ၊ ဇူလိုင်လ ၇ ရက်၊ မန်တုံ

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မန်တုံမြို့ အလင်းသစ်ပညာရေးဘော်ဒါဆောင်က ကျောင်းသား ၃ ဦးကို ၅ ရက်ကြာတဲ့အထိ ပျောက်ဆုံးခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်မှာတော့ ဘော်ဒါဆောင်ပြန်ရောက်ရှိလာတာ ဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျောင်းမတက်ချင်လို့ မိုးမိတ်ဘက်သွားလိုက်တာ။ မိုးမိတ်ကတစ်ယောက် သူ့တို့နှစ်ယောက်ကို အဲဘက် ခေါ်သွားတာ။ တုံကြီးအနားမှာပဲ ရောက်ပြီး သူတို့ လှည့်ပြန်လာတယ်။ သူများကားနဲ့ ဆိုင်ကယ်တွေ့ရင် သူတို့နှစ်ယောက်က တားပြီး ပြန်လိုက်လာတာ။ ဆိုင်ကယ်သမားက သူတို့နှစ်ယောက်ကို မန်တုံအထိလိုက်ပို့ပေးပြီး သူတို့နှစ်ယောက်က အဲကနေ ဘော်ဒါဆောင်အထိ လမ်းလျှောက်လာတာ။ ဘယ်လိုမေးမေး ကျောင်းမတက်ချင်တော့ဘူးပဲပြောတယ်။ အခုလောလောဆယ်တော့ သူတို့နှစ်‌ယောက်ရဲ့အကြောင်းပြချက်က ကျောင်းမတက်ချင်တော့ဘူး အဆိုတော်ပဲလုပ်ချင်တယ်လို့ပဲ ပြောတယ်။ မိုးမိတ်ကတစ်ယောက်တော့ ဘော်ဒါဆောင်ဘက် ပြန်မလာ‌တော့ဘူး။ သူတို့ရွာမှာ ကားစပယ်ယာအလုပ်နဲ့ပဲ လုပ်သွားမယ်လို့ ပြောတယ်”

မိုင်းညီအောင်မြင့်၊ မောင်နိုင်ဝင်းရွှေနဲ့ မောင်တိုးတက်အောင်တို့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာကျောင်းသွားရာကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ပျောက်ဆုံးသွားတဲ့ ညီအောင်မြင့်၊ မောင်နိုင်ဝင်းရွှေနဲ့ မောင်တိုးတက်အောင်တို့ဟာ အလင်းသစ်ပညာရေးဘော်ဒါဆောင်မှာ နေထိုင်ပြီး မန်တုံမြို့ အထက‌ ကျောင်းမှာ ပညာသင်ယူနေတဲ့ ကလေးတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ်ရှိတဲ့ ညီအောင်မြင့်နဲ့ မောင်နိုင်ဝင်းရွှေတို့ဟာ မိုင်းဝီးဒေသ နောရဲဝ်ကျေးရွာက ဒေသခံဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်ရှိတဲ့ မောင်တိုးတက်အောင်ဆိုသူကတော့ မိုးမိတ်မြို့နယ် လက်ခုပ်ပင်ကျေးရွာက ဒေသခံဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။