ဝတ်ရည်၊ မေလ ၂၈ ရက်၊ လားရှိုး

ရှမ်းမြောက် လားရှိုးမြို့နယ် လွယ်လမ့်ကျေးရွာက သစ်သီးပွဲရုံဂိုဒေါင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ လွယ်လွမ့်ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ မေလ ၂၇ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ မီးလောင်ခဲ့တာဖြစ်ပြီး ညနေ ၄ နာရီမှာ အနီးနားရှိ ဒေသခံတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့တာပဲ ဖြစ်ပါတယ်။

လွယ်လွမ့်ဒေသခံတစ်ဦးက “နေ့လယ်တုန်းက မီး စလောင်တာ။ မီးသတ်ကားတွေလည်း လာတယ်။ သူတို့ မီးအား မနိုင်တော့လို့ ပြန်လှည့်ကြတာ။ အထိအခိုက်တော့ မရှိဘူးလို့ ကြားတာပဲ။ အဲဂိုဒေါင်က အကြီးကြီးပဲလေ။ သစ်သီးပွဲရုံလို့လည်း ခေါ်ကြတယ်” လို့ ပြောပါတယ်။

အဲဒီဂိုဒေါင်မှာ သစ်သီးအပြင် ဆိုင်ကယ် သိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုလည်းဖြစ်ပြီး ပစ္စည်းအများစု မီးလောင်ဆုံးရှုံးသွားကာ ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၆ ရက် ည ၁၂ နာရီကျော်မှာလည်း လားရှိုးမြို့ ရပ်ကွက် ၂ ရှိ ဆွယ်တော်ဖြူ ကုန်စုံဆိုင်မှာ ဝါယာကြိုး‌ ရှော့ပ်ဖြစ်ရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

နွေရာသီမှာ အပူချိန်မြင့်ပြီး အလွယ်တကူ မီးလောင်မှု ဖြစ်ပွားနိုင်တာကြောင့် မီးလောင်မှု ထပ်မဖြစ်ပွားအောင် မီးဘေးအန္တရာယ်ကို အထူးဂရုစိုက် ကာကွယ်ဖို့ လိုအပ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။