ဝတ်မှုံ၊ မေလ ၂၇ ရက်၊ လားရှိုး

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ်မှာ စစ်တပ်ပိုင်မြေကို ကျူးကျော်နေထိုင်တယ်ဆိုပြီး ဒေသခံတွေရဲ့ နေအိမ် ၉ လုံးကို စစ်တပ်က ဘက်ဖိုးတွေနဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မေလ ၂၆ ရက်မှာ ရပ်ကွက်(၉)၊ နယ်မြေ (၁)၊ ခေးနင်းလမ်းသွယ်(၈)၊ ဆင်တောင် ဘောဓိနှစ်ထောင်အနီးက နေအိမ် ၉ အိမ်ကို စစ်တပ်က ဘိုဒိုဇာတွေနဲ့ လာရောက်ဖျက်ဆီးသွားတာလို့ ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့(ဒေသခံတွေ) နေလာတာ ၁၅ နှစ်ရှိပြီ။ မီတာတွေလည်း ရ အိမ်အမှတ်တွေလည်း ကျပြီးသား။ အခု တပ်မြေ မလွတ်ဘူးဆိုပြီး အကုန်ကုတ်ပစ်လိုက်တာပဲ။ ပြောတုန်းကကျတော့ အနောက်နည်းနည်းပဲလို့ ပြောတာ။ တပ်၊ စည်ပင်၊ ရဲ၊ မီးသတ်၊ မော်တော်ပီကယ်(ယာဉ်ထိန်းရဲ) အကုန်လာတာပဲ”

အဆိုပါ မြေနေရာပေါ် ဒေသခံတွေ နေထိုင်လာတာ ၁၅ နှစ်ဝန်းကျင် ရှိနေပြီး ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ရေဘေးဒုက္ခသည်တွေအတွက် ချပေးခဲ့တဲ့နေရာ ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက “အရင်တုန်းကတော့ သူတို့ ပေးနေထားတာ။ ပေးနေပြီးမှ နှစ်ပေါင်းများစွာ ကြာလာတော့ တိုက်အိမ်တွေတောင်ပါတယ်။ အကုန်ဖျက်သွားတာ သူတို့။ သူတို့အကုန်းလုံး ဘက်ဖိုးတွေနဲ့ ဘိုဒိုဇာတွေနဲ့ လာထိုးသွားပြီ။ သူတို့ အကုန်သိမ်းမှာ။ ၄၁ နားက ဆိုင်ခန်းတွေလည်း အကုန်သိမ်းထားပြီ။ အဲဒါ(ဆိုင်ခန်း)တွေ အရင်ကတည်းက အကုန်သိမ်းထားတာ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ နေအိမ် ဖျက်ဆီးခံရတဲ့ ဒေသခံတချို့က အိမ်ခန်း ငှားနေရပြီး အိမ်ခန်း မငှားနိုင်တဲ့ မိသားစုတွေက လမ်းဘေးမှာ ယာယီတဲ ထိုးပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီလကလည်း စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတွေက ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းက နေအိမ် ၃ အိမ်နဲ့ ရဲစခန်းကပ်ရပ်က နေအိမ် ၂ အိမ်ကို ဖယ်ရှားခိုင်းတာတွေ ရှိခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။