‎ရွှေဖီမြေ၊ ဧပြီ ၂၄ ရက်၊ လားရှိုး

‎လားရှိုးမြို့နယ် အီနိုင်းရွာအနီးက ဒေသခံတွေနဲ့လမ်းသွားတဲ့ ခရီးသည်အမျိုးသားနဲ့အမျိုးသမီးတွေအပါအဝင် လူငယ် ၇၀ ဦး ဝန်းကျင်ကို ကိုးကန့်တပ် MNDAA မူးယစ်ဆေးဝါး စစ်ဆေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံအမျိုးသမီးရဲ့ ပြောပြချက်အရ သ်ိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက် မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ လားရှိုး-နမ္မတူကြားရှိ ၁၀ မိုင်ကုန်းက ဒေသခံအပါအဝင် အီနိုင်းဒေသခံနဲ့ တောင့်တလောင်လမ်းခွဲမှာလည်း ခရီးသွားဒေသခံတွေကို ရှောင်တခင် စစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

‎ကိုယ်တိုင်မြင်ခဲ့ရသူ အီနိုင်းဒေသခံ အမျိုးသမီးက “သူတို့က ဒေသခံရော လမ်းသွားသူရောအကုန်ဖမ်းတာပါ။ ပြောတာကတော့ ဆေးသုံးတာကို စစ်တာတဲ့။ အသက်ကြီးတဲ့လူကို ပြန်လွတ်တယ်။ အသက်အရွယ်ကောင်းတွေဆို အကုန်ခေါ်သွားတာ” လို့ ပြောပါတယ်။

‎၎င်းဖမ်းဆီးထားတဲ့သူတွေကို နေ့တွင်းချင်းမှာဘဲ သိန္နီမြို့သို့ ခေါ်ဆောင်သွားခဲ့ပြီး မိသားစုတွေလည်း တွေ့ဆုံခွင့်မပြုကြောင်း ဖမ်းဆီးခံခဲ့ရတဲ့ မိခင်ဖြစ်သူက ဆိုပါတယ်။

‎အီနိုင်းအပါအဝင် လားရှိုးမြို့ပြင်ရှိ ကျေးရွာအများအပြားမှာ ကိုးကန့်တပ်က လူငယ်တွေကို ပစ်မှတ်ထားပြီး မူးယစ်ဆေးဝါး သုံးမသုံးကို စစ်ဆေးပြီး သုံးစွဲပါက စစ်မူထမ်းခိုင်းတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရတဲ့ လူငယ် ၇၀ကျော်ဟာလည်း စစ်မူထမ်းဖို့ ခေါ်ဆောင်သွားတာ ဖြစ်နိုင်တာကြောင့် လူငယ်တွေ သွားလာရေးသတိထားကြဖို့ ရွာခံတွေက ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

‎~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။