မိုးထက်၊ ဩဂုတ် ၂၂ ရက်၊ ပန်ဆန်း
“ဝ”ဒေသ ပန်ဆန်းမြို့မှာ ဆိုင်ခန်း ပြိုကျတာကြောင့် လူ ၃ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပန်ဆန်းမြို့ရှိ အဆောက်အဦးတစ်ခုမှာ ဆောက်လုပ်ရေးလုပ်ငန်း ဆောင်ရွက်စဉ်အတွင်း ဆိုင်ခန်းတွဲတွေ အတန်းလိုက် ပြိုကျတာပဲ ဖြစ်ပါတယ်။
“ယောက်ျားလေး ၃ ယောက် သေပြီး ၆ ယောက် ဆေးရုံ တင်ထားရတယ်။ ဒဏ်ရာရတဲ့အထဲမှာ ကလေးတစ်ယောက်လည်း ပါတယ်။ နှစ်ထပ်တိုက်အိမ်ပဲ အပေါ်ထပ်မှာတော့ လူတွေ အိပ်တဲ့အခန်း အောက်ထပ်မှာ ဆိုင်တွေ ဖွင့်ထားတော့ အကုန်ပါသွားတယ်” ဆိုပြီး ဖြစ်စဉ်သိရှိသူတစ်ဦးက ပြောပါတယ်။
ပြိုကျမှု ဖြစ်ပွားခဲ့တဲ့ အဲဒီနှစ်ထပ်တိုက်အိမ်ရဲ့ အောက်ထပ်မှာ ဆံပင်ညှပ်ဆိုင်အပြင် ကား ရေဆေးဆီလိုက်၊ ကုန်စုံဆိုင်နဲ့ ဆိုင်ကယ်ပြင်ဆိုင် တွဲလျက် ဖွင့်လှစ်ထားတဲ့နေရာ ဖြစ်တယ်လို့လည်း သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။