ဓာတ်ပုံ – CJ

ရွှေဖီမြေ၊ ဩဂုတ် ၁၉ ရက်၊ ကွတ်ခိုင်

ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် ၁၊ ၆ နဲ့ ၇ တွေမှာ နေထိုင်တဲ့ ကျောင်းနေအရွယ် အမျိုးသမီးငယ် ၃ ဦးဟာ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ဖြတ်ပြီး မူဆယ်မှာ အလုပ်သွားလုပ်ဖို့ ပွဲစားနဲ့ ထွက်သွားခဲ့တာကြောင့် မိသားစုဝင်တွေက လူကုန်ကူးခံရမှာကို စိုးရိမ်နေကြောင်း မိခင်ဖြစ်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

အသက် ၁၅ နှစ်အရွယ်ဝန်းကျင်သာ ရှိသေးတဲ့ အဲဒီအမျိုးသမီးငယ် ၃ ဦးဟာ ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက် ညပိုင်းက မိသားစုဝင်တွေ မသိအောင် ခိုးပြီးထွက်သွားကြတာလို့ ဆိုပါတယ်။

မိခင်ဖြစ်သူ တစ်ဦးက “အကုန်လုံးက ၁၅ နှစ်တွေဘဲ။ ကျောင်းတက်နေတုန်း။ သူ့ကို လာခါ်တဲ့အချိန်က ညဆိုတော့ ထင်တာ အထဲမှာအိပ်နေတာ။ သူ့သူငယ်ချင်းတွေက သူ့ဆီကို လာလည်တာလားပေါ့။ ဘယ်ဟုတ်မလဲ ပြတင်းပေါက်ကနေ ခိုးပြီးထွက်တာ။ သူတို့ကို လာခေါ်တဲ့ အမျိုးသမီးလည်း သူရဲ့ ဆိုင်လိပ်စာတွေ မေးလည်း ဘာမှ မပြောပြဘူး။ ကလေးတွေဆီ ဖုန်းဆက်လည်း တစ်ယောက်မှမကိုင်ကြဘူး” လို့ ပြောပါတယ်။

ဓာတ်ပုံ – CJ

အဆိုပါ အမျိုးသမီးငယ် ၃ ဦးက လိမ်လည်ခေါ်ဆောင်ခံရတာကြောင့် လူကုန်ကူးခံရမှာကို စိုးရိမ်နေကြတယ်လို့ မိသားစုဝင်တွေက ဆိုပါတယ်။

“သူတို့ကို လာခေါ်တဲ့အချိန်က ကားအမဲရောင်နဲ့ လာခေါ်တာတဲ့။ ကလေးတွေက မှတ်ပုံတင်လည်း မရှိဘူး။ သူတို့ကို လာခေါ်တဲ့ အမျိုးသမီးဆီ ဖုန်းဆက်တယ်။ အစက သူလိမ်ထားတယ်။ မိုင်းလားဘက်မှာတဲ့။ ဆိုင်လိပ်စာပြောဆို မပြောပြဘူး။ ကျွန်မစုံစမ်းရင်းနဲ့ မူဆယ်ဘက်မှာတဲ့။ အဲဒီအမျိုးသမီးကို ပြောတယ်။ ကျမသမီးကို ပြန်လွှတ်ပေး။ မဟုတ်ရင် ဆိုင်လိပ်စာပြော။ ကျမသွားခေါ်မယ်ဆိုလည်း မပြောဘူး။ အခုလို လုပ်တာက ကလေးတွေ လက်ခံလည်း မိဘတွေရဲ့ ခွင့်ပြုချက်မပါဘဲ ခေါ်ခွင့်မရှိဘူး။ ကျမတို့သမီးကို လာပို့ပါ။ လမ်းစရိတ်လည်း ပြန်ပေးမယ်” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ဓာတ်ပုံ – CJ

အလုပ်ရမယ်ဆိုပြီး ပွဲစားတွေရဲ့ လိမ်လည်မှုကြောင့် မူဆယ်ဖက်ကို ရောက်ရှိလာကြတဲ့ အနယ်နယ် အရပ်ရပ်က အမျိုးသမီးငယ်တွေ အများအပြားရှိနေပြီး အဆက်အသွယ်မရေတာ့ပဲ ပျောက်ဆုံးနေသူတွေလည်း ရှိကြောင်း သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မိုင်းလားကနေတစ်ဆင့် တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် တရုတ်ဘက်က ဖမ်းဆီးပြီး NDAA ထံ လွှဲပြောင်း၊ NDAAက စစ်ကောင်စီထံ ပြန်ပို့နေတယ်လို့ အလုပ်သမားတွေပြော

အမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်ရဲတွေက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မူဆယ် တိုးဂိတ်ကို စစ်ကောင်စီက ပြန်လည်ပြင်ဆင်ပြီးနောက် ကားသမားတွေထံ ငွေစတောင်းကြမ်းနေ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်-၁၀၅ မိုင်လမ်းပိုင်းရှိ မူဆယ်မြို့ပြင် တိုးဂိတ်ကို စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်ထားပြီး ဖြတ်သန်းသွားလာတဲ့ ကားသမားတွေထံ ငွေစတောင်းကြမ်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်သူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူမယ်လို့ တရုတ်ဘက်က ‌သတိပေး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်နဲ့ နန်းတော်ပေါက်ဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်ယူသူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူသွားမယ်လို့ တရုတ်ဘက်က စာထုတ်ပြန်ကာ သတိပေးထားပါတယ်။

တရုတ်ရဲ့ အမှတ်တံဆိပ်တွေကို ကူးယူတယ်ဆိုပြီး နာမည်ကြီး Yunyan နဲ့ Hongtashan အပါအဝင် အခြားစီးကရက်တွေကို “ဝ” က ဖမ်းဆီးပြီး တရုတ်ထံအပ်နှံ

ရွှေဖီမြေ၊ ဇူလိုင် ၃၀ ရက် တချိန်က ရှမ်း​ပြည်မှာ နာမည်ကြီးပြီးလူသောက်များကြတဲ့ Yunyan, Hongtashan, Hongheနဲ့ Jinniu Huoju…