ဆုမွန်၊ စက်တင်ဘာ ၄ ရက်

ရှမ်းမြောက် မူဆယ်-တရုတ်နယ်စပ်ကနေတဆင့် တရုတ်နိုင်ငံဘက် ယာယီ နယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်- TBP ကိုင်ဆောင်တဲ့ တစ်ပတ်ကဒ်နဲ့ ဝင်လာတဲ့သူတွေကို တရုတ်အစိုးရက လိုက်လံ ဖမ်းဆီးပြီးတော့ မြန်မာဘက် ဆက်တိုက်ပြန်ပို့ပေးနေတယ်လို့ သိရပါတယ်။

ရွှေလီမြို့ရှိ ထာလီကိုင်၊ ရှန်လုံအန်၊ ကွမ်းရမ်စစ်၊ ဖာဆယ်၊ ကျေးလက်ရပ်ကွက်တွေမှာ တရုတ်ရဲတွေက တစ်ပတ်ကဒ်နဲ့ ခိုးပေါက် အလုပ်ဝင်ရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို အခန်းထိ လာရောက်စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားတာရှိသလို ကားလမ်းမပေါ်မှာလည်း ဖမ်းဆီးစစ်‌ဆေးပြုလုပ်နေတယ်လို့ ရွှေလီမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ‌‌ ပြောပါတယ်။

“ရွှေလီမြို့မှာ နေရာအနှံ့ပဲ သူတို့စစ်တာ။ အဆိုးဆုံးကတော့ ထာလီကိုင်၊ ရှန်လုံအန်၊ ဖာဆယ်၊ ကွမ်းရန်စစ်၊ ကွမ်းလား၊ ကျေးလက်ဘက်တို့ဆို တစ်နေ့ကုန် တစ်ညလုံး စစ်နေကြတာ။ ဘာအတွက်စစ်တာလည်း‌တော့ မသိဘူး။ ဘယ်လမ်းပဲသွားသွား ရဲတွေအပြည့်ပဲ။ အခုက လူကုန်ကူးခံရတာတွေ ခိုးပေါက်ဝင်လာတဲ့သူတွေ တရားမဝင်လုပ်တဲ့သူတွေ များလာလို့လေ။ ဟိုတစ်နေ့လည်း သူတို့ ကား ၅ စီးနဲ့ မူဆယ်ဘက် လူတွေပြန်ပို့တာ”

အလားတူ တရုတ်ပြည် ရင်ကျန်းမြို့မှာလည်း တစ်ပတ်ကဒ်နဲ့ အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲက လိုက်လံဖမ်းဆီးနေပြီး မူဆယ်ဘက်သို့ ပြန်လည်ပို့ဆောင်ပေး‌နေတာ ဖြစ်တယ်လို့ ရင်ကျန်းမှာ နေထိုင်တဲ့ အမျိုးသမီးက ပြောပါတယ်။

“တပတ်ကဒ်နဲ့ ဝင်လာတဲ့သူတွေ ဖမ်းမိရင်တော့ သူတို့ ချက်ချင်း မူဆယ်ဘက်ပြန်ပို့ပေးတယ်။ သူတို့စစ်တဲ့အချိန်မှာ ခိုးပေါက်ဝင်လာတဲ့သူက မှတ်ပုံတင်ရှိရင် တစ်လ ထောင်ထဲဝင်ရတယ်။ မှတ်ပုံတင်လည်းမရှိ ဘာမှမရှိထားရင် အနည်းဆုံး ထောင် ၃ လအထက်ဝင်ရတယ်။ ရင်ကျန်းမှာ ဖမ်းတယ်ဆိုပေမယ့် ရွှေလီလောက်မဆိုးဘူး။ ရွှေလီမှာ နေ့ရောညပါ ဖမ်းနေကြတယ်”

ယာယီ နယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်- TBP ကိုင်ဆောင်တဲ့ တပတ်ကဒ်သူတွေနဲ့ ခိုးပေါက်ဝင်လာတဲ့သူတွေအပြင် BP စာအုပ်အနီနဲ့ သက်တမ်းလွန် နေထိုင်သူတွေကိုလည်း တရုတ်ရဲက လိုက်လံ ဖမ်းဆီးပြီးတော့ မြန်မာဘက် ပြန်ပို့ပေးနေတာ တွေလည်း ရှိပါတယ်။

တရုတ်ဘက် အလုပ်ဝင်ရောက်လုပ်ကိုင်ကြပြီး အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ရဲက မကြာခဏ ဝင်ရောက်စစ်ဆေးဖမ်းဆီးနေပေမယ့် နေ့စဉ် တရုတ်ပြည်ထဲ ဝင်ရောက်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမား ရာနဲ့ ချီရှိနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်ကလည်း ခိုးပေါက်ကနေ ဝင်လာပြီး အလုပ်ဝင် ရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား ၄၆ ဦးကို တရုတ်ရဲက တရုတ်ပြည် ရွှေလီမြို့မှာ ဖမ်းဆီးရမိခဲ့ပြီး မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး တရုတ်ပြည်ဝင်ခွင့်လည်း ပိတ်ပင်ခံရကြောင်း သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

မိုင်းလားကနေတစ်ဆင့် တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော် တရုတ်ဘက်က ဖမ်းဆီးပြီး NDAA ထံ လွှဲပြောင်း၊ NDAAက စစ်ကောင်စီထံ ပြန်ပို့နေတယ်လို့ အလုပ်သမားတွေပြော

အမျိုးသားဒီမိုကရေတစ်မဟာမိတ်တပ်မတော် (NDAA) ထိန်းချုပ်ထားတဲ့ ရှမ်းအရှေ့ မိုင်းလားမြို့ကနေ တရုတ်နိုင်ငံ ကျင်ဟုန်မြို့ထဲ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ကို တရုတ်ရဲတွေက ဖမ်းဆီးပြီး ပြန်ပို့ခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မူဆယ် တိုးဂိတ်ကို စစ်ကောင်စီက ပြန်လည်ပြင်ဆင်ပြီးနောက် ကားသမားတွေထံ ငွေစတောင်းကြမ်းနေ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်-၁၀၅ မိုင်လမ်းပိုင်းရှိ မူဆယ်မြို့ပြင် တိုးဂိတ်ကို စစ်ကောင်စီဘက်က ပြန်လည်ပြင်ဆင်ထားပြီး ဖြတ်သန်းသွားလာတဲ့ ကားသမားတွေထံ ငွေစတောင်းကြမ်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်သူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူမယ်လို့ တရုတ်ဘက်က ‌သတိပေး

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်နဲ့ နန်းတော်ပေါက်ဂိတ်ကနေ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်ယူသူအချင်းချင်း စကားများရန်ဖြစ်ရင် အရေးယူသွားမယ်လို့ တရုတ်ဘက်က စာထုတ်ပြန်ကာ သတိပေးထားပါတယ်။

တရုတ်ရဲ့ အမှတ်တံဆိပ်တွေကို ကူးယူတယ်ဆိုပြီး နာမည်ကြီး Yunyan နဲ့ Hongtashan အပါအဝင် အခြားစီးကရက်တွေကို “ဝ” က ဖမ်းဆီးပြီး တရုတ်ထံအပ်နှံ

ရွှေဖီမြေ၊ ဇူလိုင် ၃၀ ရက် တချိန်က ရှမ်း​ပြည်မှာ နာမည်ကြီးပြီးလူသောက်များကြတဲ့ Yunyan, Hongtashan, Hongheနဲ့ Jinniu Huoju…