အလင်း၊ ဧပြီ ၉ ရက်၊ မင်းပြား

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပုလဲတောင်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဧပြီ ၈ ရက် မနက် ၈ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ Y-12 လေယာဉ် နှစ်စီး အသုံးပြုပြီး ပုလဲတောင်ရွာနဲ့ အနီးဝန်းကျင်ကို ဗုံးအလုံးအရင်းနဲ့ ကြဲချခဲ့တာပဲ ဖြစ်ပါတယ်။

“လေယာဉ် လေးစီးနဲ့ ဗုံးအလုံးအရေ အများကြီးနဲ့ ကြဲချသွားတာပါ။ ရွာအနီးအနားမှာ ကျပေါက်ကွဲလို့ ရွာထဲဆိုရင် ထိခိုက်မှု ပိုများမယ်။ အခုက အရပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်” လို့ မင်းပြားဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပုလဲတောင်ရွာမှာ စစ်ရေးလှုပ်ရှားမှု မရှိဘဲ စစ်တပ်က အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ပုလဲတောင်ရွာမှ ဦးမျိုးချစ်ခေါ် အမဲ (၃၅ နှစ်) သေဆုံးပြီး မောင်သန်းဝင်းမောင် (၁၅ နှစ်)က ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လက်ရှိ ဒဏ်ရာရရှိသူကို အရေးပေါ် ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တချို့နဲ့ ရွာစာသင်ကျောင်းဆောင်လည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကလည်း သံတွဲမြို့နယ်ရှိ ခလရ(၅၅) စခန်းဟောင်းအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ စစ်ဘေးရှောင် မိသားစုတစ်စုလုံး သေဆုံးခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ဖားကန့်မှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရ၊ ဖားကန့်တိုက်ပွဲအတွင်း အရပ်သားနေ့စဉ်လိုလို သေဆုံးနေ

စစ်ကောင်စီနဲ့ ကချင်တပ်မတော် – KIA တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့အနီးမှာ ထမင်းစားနေချိန် လက်နက်ကြီး စားပွဲဝိုင်းပေါ်ကျလို့ မိသားစုဝင် ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ ကြံခုတ်ရင်း ကြိုးမိုင်းထိမိပြီး ပေါက်ကွဲလို့ အမျိုးသမီး ၃ဦးနဲ့ ကလေး ၁ဦး ဒဏ်ရာရ

နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

မောက်မယ်မြို့နယ်က နာဟီးရွာထဲကို PNO အဖွဲ့ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာရ

ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။

ကိုးကန့်တပ် ဖမ်းဆီးထားတဲ့ မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်လာပြီး ၅ဦး ကျန်ရှိနေ

ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လားရှိုးမြိနယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၉ ဦးထဲက ၄ ဦးသာ ပြန်လွှတ်ပေးတာဖြစ်ပြီး ၅ ဦးကိုတော့ ကိုးကန့်တပ်က လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။