ပို့လဘား၊ ဇူလိုင် ၉ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။
ဒီနေ့ ဇူလိုင် ၉ ရက် ညနေ ၄ နာရီကျော်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တာလဲဆိုတာကိုတော့ မသိရဘူးလို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
” ၄ လုံးကျတယ်။ ရပ်ကွက် ၆ မှာ တစ်လုံးကျတယ်။ ရပ်ကွက် ၉ မှာတစ်လုံးကျတယ်။ ရပ်ကွက် ၁၀ မှာတစ်လုံး။ ရမခမှ တစ်လုံးကျတယ်”
ထိခိုက်မှုနောက်ဆက်တွဲကို ရွှေဖီမြေက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
လားရှိုးမြို့ထဲ စစ်တပ်က ထိန်းချုပ်ထားပြီး မြို့ပြင်နေရာတွေကိုတော့ ကိုးကန့်တပ်မတော်- MNDAA က ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း လားရှိုးမြို့ရှိ ခြေလျင်တပ်ရင်း ၄၁ တပ်ထဲ ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ဖူးပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။