ရွှေဖီမြေ၊ ဇွန်လ ၃ ရက်
“ဝ” တပ်မတော် UWSA က တရုတ်အလိုရှိတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးမှု သံသယနဲ့ ဖမ်းဆီးပြီး တရုတ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း “ဝ” ပြည်တရားစီရင်ရေးကော်မတီ WSP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မနေ့ ဇွန်လ ၂ ရက်မှာ နမ့်တစ်မြို့ မန်ခါးနယ်စပ်ဂိတ်ကနေတစ်ဆင့် လွှဲပြောင်းပေးခဲ့တာဖြစ်ပြီး အဲဒီတရားခံဟာ “မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံသား” လို့သာ သုံးနှုန်းထားပြီး ဘယ်လိုပတ်သက်မှုရှိလဲဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။
အဲဒီတရားခံဟာ တရုတ်ဖက်က ပေးပို့လာတဲ့ ပူးပေါင်းစစ်ဆေးရေးစာတမ်းမှာ ပါဝင်တဲ့ သံသယရှိသူတစ်ဦးဖြစ်ပြီး “ဝ” ဖက်က အဲဒီစာတမ်းအပေါ် အခြေခံပြီး စုံစမ်းရှာဖွေခြင်းအစီစဉ်တွေ ဆောင်ရွက်ကာ ၎င်းကို နယ်မြေအတွင်းမှာပဲ ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
UWSA က ၎င်းထိန်းချုပ်တဲ့ နယ်မြေအတွင်းမှာ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးပြီး တရုတ်ထံ ဆက်တိုက်ပြန်အပ်နှံနေပြီး တရားမဝင် ဝင်ရောက်လာသူတွေကိုလည်း ဆက်တိုက်ပြည်ပြန်ပို့တာတွေ ပြုလုပ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။