ပျားကြီး၊ ဇူလိုင် ၁၈၊ မန္တလေး

မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ စစ်မှုထမ်းတိမ်းရှောင်ဖို့အတွက်ငွေကြေးပေးဆောင်ပြီးတိမ်းရှောင်သူတွေ များပြားလာတာကြောင့် စစ်မှုထမ်းမဲနှိုက်ရွေးချယ်မှု အသစ်တွေ ထပ်မံလုပ်လာတယ်လို့ဒေသခံတွေက ပြောပါတယ်။

ပြီခဲ့တဲ့ရက်ပိုင်းအတွင်းကစပြီး စစ်မှုထမ်းမဲနှိုက်ရွေးချယ်မှုတွေကို မန္တလေးတစ်မြို့လုံးမှာ ပြုလုပ်နေတာဖြစ်ပါတယ်။

“အုပ်ချုပ်ရေးအဖွဲ့တွေက အသစ်တွေဖြစ်တော့ ငွေရှာတဲ့သဘောပေါ့။ အဲ့ဒီစစ်မှုထမ်းရှောင်တာကနေရတဲ့ဝင်ငွေရပေါက်ရလမ်းက သိန်းရာချီရှိတာလေ။နောက်ပြီးစစ်တပ်အတွက်က အသေခံမယ့် လူအရေးပေါ်လိုအပ်နေတာ။ အဲ့ဒီတော့ငွေပေးပြီးရှောင်ထားတဲ့သူတွေကိုမဲပြန်နှိုက်တဲ့သဘောပါ။ ရှောင်မယ့်သူတွေကလည်း မဲတောင်မနှိုက်ဘူး စစ်တပ်ကကောင်တွေနဲ့ချိတ်ပြီးရှောင်ဖို့လုပ်နေကြပြီ။ ဘာအဆက်အသွယ်မှ မရှိတဲ့သူတွေကတော့ သေချာပေါက်သွားရမှာပေါ့ “လို့အောင်မြေသာစံမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ပေါ် အောင်မြေသာစံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေနဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာစစ်မှုထမ်းဖို့မဲနှိုက်မှုတွေကို အခုသီတင်းပတ်ကစပြီး အင်တိုက်အားတိုက် ပြန်လည်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

နေရာအနှံ့အပြားမှာ စစ်ရှုံးမှုနဲ့စစ်သားပြုန်းတီးမှုဒဏ်ကို အလူးအလဲခံနေရတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂ နှစ်တာကာလအတွင်း မန္တလေးမြို့ပေါ်ကလူငယ်ထောင်နဲ့ချီပြီး စစ်မှုထမ်းဖို့အဓမ္မခေါ်ဆောင်ခဲ့ပေမဲ့ စစ်မှုထမ်းပြန်လာသူ ၁၀၀ ဝန်းကျင်ပဲရှိတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ကဆိုပါတယ်။

အခုမဲနှိုက်မှုကနေ စစ်မှုထမ်းရှောင်တိမ်းဖို့အတွက် လူတစ်ဦးကို ငွေကျပ် သိန်း ၂၀ ကနေ ရာနဲ့ချီတောင်းဆိုပြီး ယာယီကင်းလွတ်ဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက လုပ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။