ဓာတ်ပုံ – မြိုင်ပကဖ

ရွှေဖီမြေ၊ မေလ ၂၅ ရက်၊ မြိုင်

မကွေးတိုင်း မြိုင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ သရက်ကန်ပျူစောထီးတပ်စခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြိုင်-ပကဖဘက်က ဒီနေ့ မေလ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သရက်ကန်ပျူစောထီးတပ်စခန်းကို ပြီးခဲ့တဲ့ မေလ ၂၂ ရက်မှာ PDF ပူးပေါင်းတပ်တွေဘက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၄၀ ပေးခဲ့ပေမယ့် မေလ ၂၃ ရက်မှာ တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ကာဘိုင် ၁၁ လက်အပါအဝင် လက်လုပ်သေနတ် ၁ လက်နဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်အပါအဝင် လူထု ၄၉ ဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကို “တမာမြေစစ်ဆင်ရေး” အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေကို ဦးညွတ်ဂုဏ်ပြုကြောင်းလည်း ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် အမှတ် (၂/၆/၇/၁၄/၁၇) တပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးစစ်ကြောင်း (၁) (MFUDC-1) စတဲ့ တော်လှန်ရေးတပ်တွေဘက်က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ သရက်ကန်ပျူစောထီးတပ်စခန်း လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

မကွေး၊ စစ်ကိုင်းတိုင်းအပါအဝင် နေရာတချို့မှာ စစ်ကောင်စီရဲ့ ထိုးစစ်တွေ အားကောင်းနေချိန် တော်လှန်ရေးတပ်တွေဘက်ကလည်း မြို့သိမ်းတိုက်ပွဲတွေအပြင် တပ်စခန်းသိမ်းတိုက်ပွဲတွေကိုပါ ပြန်လည်ဖော်ဆောင်လာနိုင်တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်မှာလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ရဲစခန်းကို Operation OTT အဖြစ် ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။