ဓာတ်ပုံ- Local

ပပ၊ ဇွန်လ ၂၈ ရက်၊ လားရှိုး

‎ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာခံ ၄ ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ကိုးကန့်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ယူနီဖောင်း ဝတ်ဆင်ခိုင်းပြီး ဂိတ်စောင့်အဖြစ် လုပ်နေရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ မေလ ပထမအပတ်က အီနိုင်းရှိ ဒေသခံ အမျိုးသား ၄ ဦးကို မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားသူ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၃ ဦးဟာ နမ့်ပေါင်၊ ခေးနင်းနဲ့ အီနိုင်း စတဲ့နေရာရှိ စစ်ဆေးရေးဂိတ်မှာ စစ်ယူနီဖောင်း ဝတ်ဆင်ပြီး ဂိတ်စောင့် လုပ်နေရတာပဲ ဖြစ်ပါတယ်။

‎ကိုယ်တိုင်မြင်ခဲ့ရသူ အမျိုးသမီးက “ရွာမှာ လာဖမ်းတဲ့အချိန် မူးယစ်ဆေးဝါး ဖြတ်ပေးမယ်ပြောလို့ မိဘတွေက စိတ်ချလက်ချ ထည့်ပေးကြတာ။ ဟိုတလောက နမ့်ပေါင် သွားရင်းနဲ့ လမ်းမှာ အဲကလေးတွေကို စစ်သားဝတ်စုံနဲ့ သေနတ်ကိုင်နေတာ တွေ့တယ်” လို့ ပြောပါတယ်။

‎၎င်းဖြစ်စဉ်ဟာ မဖြစ်သင့်ကြောင်းနဲ့ မိသားစုဝင်တွေကို အကြောင်းကြားပေးသင့်ကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုပါတယ်။

‎အလားတူ ပြီးခဲ့တဲ့ မတ်လကလည်း လားရှိုးမြို့နယ် အီနိုင်းနဲ့ ဆယ်မိုင်ကုန်းဒေသခံအပြင် ‌ခရီးသွားသူတွေကို MNDAA က မူးယစ်ဆေး သုံးစွဲမှု ရှိမရှိ စစ်ဆေးဖမ်းဆီးခဲ့ပြီး တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့‌ပေမဲ့ အများစုကိုတော့ စစ်မှုထမ်းဖို့ ပို့ခဲ့ကြောင်း ပြန်လွှတ်လာသူတွေက ရွှေဖီမြေကို ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။