ရွာငံမှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ပစ်ခတ်ဖမ်းဆီးနေလို့ တစ်ဦး ဒဏ်ရာရပြီး ၄ဦး ဖမ်းဆီးရိုက်နှက်၊ ရွာအချို့ကိုလည်း ထပ်မံစစ်ရှောင်ခိုင်းနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေသလို ကျေးရွာအများစုကိုလည်း ရွာလုံးကျွတ် ထွက်ခွာခိုင်းနေတာကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာကို ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ရွာငံမြို့နယ်ထဲက တောင်ပိုင်းရွာတွေဘက် တိုက်ပွဲ ဖြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို အရေးပေါ် ရှောင်ခိုင်းနေ

ရှမ်းတောင် ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စုအပါအဝင် ရွာငံတောင်ပိုင်းရွာတွေဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF နဲ့ တိုက်ပွဲ ဖြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က အမြန်ရှောင်ခိုင်းနေတာကြောင့် ဒေသခံတွေ အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာငံမြို့နယ် မြစေတီရွာခံ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးပြီး ကျေးရွာအတွင်း ဆက်လက်တပ်စွဲထား

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် မြစေတီရွာထဲ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်လာပြီးတော့ ဒေသခံ ၆ ဦးကို ဖမ်းဆီးသွားပါတယ်။

ရွာငံမြို့နယ်ထဲက ဒေသခံ ၇ ဦး စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီးသွား၊ ဖမ်းထားတဲ့ ဒေသခံ ၄၇ ဦးက ၃၀ ကျော် ပြန်လွှတ်လာပြီး ရိုက်နှက်ဒဏ်ကြောင့် အမျိုးသားတစ်ဦး သေဆုံး

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် အင်းကုန်ကျေးရွာခံ ၄ ဦး၊ နွားဘန်းကြီးရွာခံ ၂ ဦးနဲ့ ဉာဏ်ကြီးရှင်ကော်ဖီစက်ရုံ ဝန်ထမ်း ၁ ဦး စုစုပေါင်း ရွာခံ ၇ တို့ကို စစ်ကောင်စီတပ်က ထပ်မံ ဖမ်းဆီးသွားခဲ့ပါတယ်။

ရွာငံမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ရွာခံ ၄၀ ဝန်းကျင်ကို ဖမ်းဆီးထားပြီး ရိုက်နှက်

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စု ဆင်ပြားရွာအနီးမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွာငံအခြေစိုက် ချိုးဖြူတပ်ဖွဲ့ DPLA ထံ ပူးပေါင်း၊ ဓနုတော်လှန်ရေးတပ် ၂ ဖွဲ့ ပူးပေါင်းတာဟာ တော်လှန်ရေးကို ပိုအားကောင်းစေတယ်လို့ DPLA ပြော

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖြစ်တဲ့ ချိုးဖြူ တော်လှန်ရေးတပ် (ရွာငံ PDF)- JPRF က ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA ထံ ပူးပေါင်းလိုက်ကြောင်း ချိုးဖြူတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

ရွာငံထဲက ကျေးရွာတချို့မှာ စစ်ကောင်စီတပ်က အစစ်အဆေးကြမ်းပြီး တပ်စွဲထားတဲ့ကျေးရွာတွေမှာ အဝင်အထွက်တွေကို ပိတ်ထား

‎ရှမ်းတောင် ရွာငံမြို့နယ်ထဲ တပ်စွဲထားတဲ့ ကျေးရွာတချို့မှာ ကျေးရွာတစ်ရွာနဲ့တစ်ရွာ အဝင်အထွက်လုပ်တာကို စစ်ကောင်စီတပ်က ပိတ်စို့ထားပြီး အသွားအလာလည်း စစ်ဆေးကြမ်းတမ်းနေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွာငံမှာ စစ်ကောင်စီတပ်နဲ့ DSNDA တိုက်ပွဲဖြစ်၊ စစ်တပ်ဘက် ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရ

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်- DSNDA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရခဲ့ကြောင်း DSNDA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွာငံမှာ မြေပြိုလို့ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်အပါအဝင် စစ်ရှောင် ၁၀ ဦးသေဆုံး၊ အလောင်း ၁လောင်းသာ ပြန်ရပြီး ကူညီကယ်ဆယ်ရေးမရှိလို့ ရှာဖွေရေး ရပ်တန့်

ရှမ်းတောင် ရွာငံမြို့နယ်က ဒေသခံတွေ စစ်ရှောင်နေတဲ့ နေရာတစ်ခုမှာ မြေပြိုမှုဖြစ်ပွါးခဲ့ပြီး အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ် အပါအဝင် စစ်ရှောင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်မတော်(DSNDA)က ဒီနေ့ စက်တင်ဘာ ၂၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရွာငံ‌မှာ (P.S.F)တာ၀န်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရပြီး သေဆုံး

ပြည်သူ့များတပ်ဖွဲ့(P.S.F) တာ၀န်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရပြီး သေဆုံးသွားခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)က ထုတ်ပြန်ထားပါတယ်။