ဓာတ်ပူံ – Local

မိရိုး၊ ဩဂုတ် ၁၈၊ ရွာငံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံတွေကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေသလို ကျေးရွာအများစုကိုလည်း ရွာလုံးကျွတ် ထွက်ခွာခိုင်းနေတာကြောင့် ဒေသခံ ပြည်သူတွေ ဘေးလွတ်ရာကို ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်ကစပြီး ရွာငံမြို့နယ်ထဲက မြိုင်၊ အလယ်ချောင်းနဲ့ ဆင်ခေါင်းကျေးရွာအုပ်စု အပါအဝင် ကျေးရွာအများစုကို စစ်ကောင်စီတပ်က အကြောင်းပြချက် အမျိုးမျိုးပြပြီး ၃ ရက်အတွင်း ပြောင်းရွှေ့ပေးဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မျှားကလေးရွာဖက်မှာ လမ်းစပိတ်ထားပြီး သိမ်ကုန်းကျေးရွာအုပ်စုနဲ့ ရေဦးကျေးရွာအုပ်စုမှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲကာ ညဘက်တွေမှာ ဒရုန်းနဲ့ ကင်းလှည့်တာ၊ စစ်ကြောင်းထိုး စစ်ဆေးဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးကျေးရွာအုပ်စုဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ထွက်ပြေးဖို့ ပြင်ဆင်နေတဲ့ လူငယ် ၅ ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူငယ်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး မြိုင်ဆေးရုံကို ပို့ဆောင်ထားရသလို ကျန်တဲ့ လူငယ် ၄ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုနဲ့ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၁၀၀၃ တပ်ရင်းရဲ့ ထုတ်ပြန်ချက်တွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာ မြို့နယ်တွေနဲ့ ဘေးလွတ်ရာ ကျေးရွာတွေကို တိမ်းရှောင်နေကြရပါတယ်။

ရွာငံဒေသခံ အမျိုးသားတစ်ဦးက “ရွာမှာ တချို့တွေက ရှောင်ကုန်ကြပြီ။ အစက နေဦးမလို့ပဲ၊ ညဆို ဒရုန်းတွေ ဝဲနေတာနဲ့ မနေရဲတော့ဘူး။ ပစ္စည်းသင်္ခါရပဲဆိုပြီး အိမ်ကို စိတ်ချချထားခဲ့လိုက်တယ်။ စစ်သားတွေ ရွာထဲ ညတိုင်း ကင်းလှည့်နေတယ်” လို့ ပြောပါတယ်။

ရွာငံမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကစပြီး စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက်ပိုင်း နှစ်လနီးပါးကာလအတွင်း PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ အကြောင်းပြချက် အပါအဝင် အကြောင်းပြချက် အမျိုးမျိုးနဲ့ ဒေသခံ ၄၂ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။

ရွာငံမြို့နယ်ဟာ စစ်ကောင်စီတပ်အပြင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)၊ ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) နဲ့ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၁၀၀၃ စတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အဓိက လှုပ်ရှားနေတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။