လားရှိုးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးထံ ရဲဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက ဆိုင်ကယ်လုယက်သွား
စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူတစ်ဦးထံ ရဲဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက ဆိုင်ကယ်လုယက်သွားခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားတဲ့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။