လားရှိုး‌လေဆိပ် ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

တရုတ်အကူအညီနဲ့ လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ လားရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့ လူစည်ကားတဲ့ မန်ဆူကျောင်းအနီးနေရာမှာ သေနတ်ထောက် ဓားပြတိုက်မှု ထပ်မံဖြစ်ပွား

စစ်ကောင်စီပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း လားရှိုးမြို့မှာ ခိုးဆိုးလုယက်မှုတွေ မြှင့်တက်လာနေပြီး ဒီနေ့ မေလ ၁၃ ရက် ၁ နာရီအကျော်မှာ မန်ဆူကျောင်းအနီး ဆိုင်ကယ်မောင်းနေတဲ့ အမျိုးသမီးတစ်ယောက်ကို သူခိုးတွေက သေနတ်ထောက်ပြီး ဓားပြတိုက်တဲ့ ဖြစ်စဉ် ထပ်မံဖြစ်ပွါးခဲ့ပါတယ်။

စစ်ကောင်စီ ပြန်အုပ်ချုပ်နေတဲ့ လားရှိုးမှာ သူခိုး၊ဓားပြတွေကို လူထုတွေ ကိုယ့်နည်းကိုယ့်ဟန် ဖမ်းနေရ

ရှမ်းမြောက် လားရှိုးမြို့မှာရှိတဲ့ နေအိမ်တွေကို လိုက်ဖောက်နေတဲ့ သူခိုး ၃ ဦးထဲက ၁ ဦးကို ရပ်ကွက်နေဒေသခံတွေက ဖမ်းမိထားတယ်လို့ သိရပါတယ်။

လားရှိုးမြို့ ပါရမီလမ်းထဲမှာ သေနတ် ကိုင်‌ဆောင်ထားတဲ့ လူတစ်စုက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်၊ ကားတစ်စီးနဲ့ လက်စွပ်နှစ်ကွင်း ပါသွား၊ ဓားပြတိုက်မှု ဆက်တိုက်ဖြစ်နေ

စစ်ကောင်စီပြန်လည်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် (၁) ပါရမီလမ်းထဲမှာ သေနတ် ကိုင်‌ဆောင်ထားတဲ့ လူတစ်စုက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်ကာ ကားနဲ့ လက်စွပ်နှစ်ကွင်း ယူဆောင်သွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

နယ်မြေအငြင်းပွားညှိနှိုင်းမှု မအောင်မြင်လို့ MNDAAနဲ့ SSPP တို့ ၂ဖက် အင်အားဖြည့်တင်းနေ

ပြီးခဲ့တဲ့ ဧပြီလကုန်က ကိုးကန့်တပ်မတော် – MNDAA နဲ့ ရှမ်းတပ်မတော် – SSPP တို့အကြား ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွါးကိစ္စ ဆေးနွေးမှု မအောင်မြင်လို့ နှစ်ဖက်လုံးက အထိုင်ချတပ်စခန်းဂိတ်တွေမှာ လူအင်အားထပ်ဖြည့်ထားနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်တဲ့ လားရှိုးမြို့မှာ ဓားပြတိုက်မှု ဆက်တိုက်ဖြစ်နေ၊ အမှတ်(၁) ရဲစခန်းဘေးမှာတင် ဓားပြတိုက်ခံရ

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဓားပြတိုက်မှု ဆက်တိုက် ဖြစ်နေတယ်လို့ လားရှိုးဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

လားရှိုးမြို့မှာ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ လူတွေအတွက်ရည်စူးပြီး မန်ဆူကျောင်းဆရာတော်နဲ့ စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ ရပ်ကွက်အချို့ထဲ ပရိတ်လိုက်ရွတ်ပေး

ရှမ်းမြောက် လားရှိုးမြို့သိမ်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ လူတွေအတွက် ရည်စူးပြီး မန်ဆူကျောင်းဆရာတော်ကိုယ်တိုင် ဦးဆောင်ကာ စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး ရပ်ကွက်အချို့ထဲ ပရိတ်ရွတ်ပေးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

လားရှိုး အီနိုင်းရွာက အမျိုးသားတစ်ဦး နမ့်ဆန်ဘက် သွားနေချိန် လမ်းမှာ ၁၂ ရက်ကြာတဲ့အထိ ပျောက်ဆုံးနေ

ရှမ်းမြောက် လားရှိုးမြို့နယ် အီနိုင်းရွာက အမျိုးသားတစ်ဦးဟာ နမ့်ဆန်မြို့နယ်ဘက် ရှိနေတဲ့ ဇနီးဖြစ်သူဆီ အလည်သွားရင်း လမ်းမှာ ၁၂ ရက်ကြာတဲ့အထိ ပျောက်ဆုံးနေပါတယ်။

လားရှိုးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတချို့ ပြန်စနေပြီး လားရှိုးဆေးရုံ ပြန်ဖွင့်ဖို့လည်း စီစဥ်နေ

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ အုပ်ချုပ်ရေးလုပ်ငန်းတချို့ ပြန်စနေပြီး လားရှိုးပြည်သူ့ဆေးရုံ ပြန်ဖွင့်ဖို့လည်း စီစဥ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။