လားရှိုးကို စစ်ရှောင်သွားကြတဲ့ ကျောက်မဲနဲ့ သီပေါက ဒေသခံနှစ်ဦး အချိန်မှီ ဆေးမကုနိုင်တာကြောင့် သေဆုံး

တိုက်ပွဲတွေကြောင့် လားရှိုးမြို့ထဲကို စစ်ရှောင်သွားကြတဲ့ ရှမ်းမြောက် ကျောက်မဲက ဒေသခံတစ်ဦးနဲ့ သီပေါက ဒေသခံတစ်ဦး အချိန်မှီ ဆေးမကုသနိုင်တာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။

လားရှိုးမြို့ ရမခတိုင်းထဲမှာ စစ်ကောင်စီတပ်က ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်း အခိုင်အမာပြုလုပ်ပြီး ခံစစ်ပြင်နေ

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲမှာ စစ်ကောင်စီတပ်က ကတုတ်ကျင်း၊ ဆက်သွယ်ရေးမြောင်းတွေ အခိုင်အမာလုပ်ပြီး ခံစစ်ပြင်နေတယ်လို့ ရမခတိုင်းတွင်းထဲက အခြေအနေကိုသိတဲ့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပလာဆေဝ်နီန် ဖုင်တံပ်ပလိက်ကဲ တောႇဟာဝ်းဖါႈတိုအီး‌ခေဲင်ဇံင် ကဲအီ အာဝ်ဟာဝ်းတိူရ်ႈ စြာင်းဆလာက်နီန် ကထာႇဟာဝ်း ကလာကဲ ဆဲႈဒီန် ဆူည်ႇဘိုးကဲထာမ်းတာမ်ရိူန်း

ကဝ်အီကဒံပ်တောပ်တကဲ အီကတူႈကငျားနီန် အူအီးက္လာင်းတဖုင်ဆျိုည်ဖီမျေဒါႈ ဒီန်ထိင်ခြဲ တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ ခေဲင်ကီုင်းလာဆေဝ်နီန် ‌ဖုင်ပလိက်ကဲတောႇဟာဝ်းတိုအီး အီအာဝ်ဒေဲႈတိူရ်ႈစြာင်းဆလာက် ကနာည်ပ္လေါည်က်ုန်ရံရ်နီန် ကထဖါ်ႈကလာကဲ ဆူည်ႇဘိုးကဲထာမ်းတာမ်ရိူန်းအောႏ။

လားရှိုးမှာ မဲစာရင်း လာမကြည့်လို့ဆိုပြီး ရပ်ကွက်က လူတွေကို ရဲစခန်းအထိခေါ်ကာ ပါးရိုက်ပြီး ဒဏ်ငွေပေးဆောင်ခိုင်းတာတွေ ရှိနေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရွေးကောက်ပွဲအတွက် မဲစာရင်း လာမကြည့်တဲ့ သူတွေကို ရဲစခန်းထိခေါ်ကာ ပါးရိုက်ပြီး ဒဏ်ငွေပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ မဲဆန္ဒရှင် မဲစာရင်း လာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လော်စပီကာနဲ့ မြို့တွင်း လိုက်လံ ဆော်ဩနေ

စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ မဲဆန္ဒရှင် မဲစာရင်း လာကြည့်ဖို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က လော်စပီကာနဲ့ မြို့တွင်း လိုက်လံဆော်ဩနေတယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့နယ်က ၁၆ နှစ်အရွယ် ကလေးတစ်ဦး မူးယစ်ဆေး သုံးတယ်ဆိုပြီး MNDAA က ထောင်ဒဏ် ၄ လ ချမှတ်ပြီးတော့ စစ်မှုထမ်းခိုင်း

ရှမ်းမြောက် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာက အသက် ၁၆ နှစ်အရွယ် ကလေးတစ်ဦးကို မူးယစ်ဆေး သုံးစွဲတယ်ဆိုပြီး ကိုးကန့်တပ်- MNDAA က ဖမ်းဆီးပြီး ထောင်ဒဏ် ၄ လ ချမှတ်ခဲ့တယ်လို့ ကာယကံရှင်နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်းတွေ့၊ ၁ လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့ရှိထား

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ ပိုင်ရှင်မဲ့ အမျိုးသားအလောင်း ၁ လောင်းထပ်မံတွေ့ပြီး တစ်လအတွင်း ပိုင်ရှင်မဲ့ အလောင်း ၃ လောင်းတွေ့ရှိခဲ့တယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဂေါႇမိုႈကဲညှံမ်ဒဲႈရိူန်း ကနာည်ရကာဝ် 100 ကပျာဝ်း ပ်ုန်ဒေဲႈကဇောည်အူန်း တားတီုင်ကပ္လိူင်ကပီုန်ဆျှံမ်ကဲ ကနာည်ကဲအီဒဝ်ႎဲႈဖေးနာန်း ရောတ်စာမ်းပလာဆေဝ်

ဖုင်ယဲဆျှိုည်ဖီမျေ တခေါရ်နံပ် မိုႈတကညာဆဴင်ရကာဝ် ဟည်ဟာဝ်းတိူဝ်ႈႎီရ်ဘိုး ရကာဝ် 100ကပျာဝ်း ပ်ုန်ဒေဲႈကဇောည် တားတီုင်ကပ္လိူင် ကပီုန်ဆျှံမ် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ အ်ုန်အီမိုႈ တားအောင်အောင်နီန်တ ကနာည်ကဲအီဒဝ်ႎဲႈဖေးနာန်း ဒေဲႈရောတ်စာ်မ်းပကီုင်းလာဆေဝ် ဂေါႇပ္လေါည်ကတီုက်ကပဴင်မာဝ်းႎံင်းနီန်အောႏ။

လားရှိုးရောက် စစ်ရှောင်တွေကို ရှမ်းပြည်ဝန်ကြီးချုပ် လာကူပေးထားတဲ့ ဆန်အိတ် ၁၀၀ ကျော်အတွက် ငွေလာမချေတာကြောင့် ဆန်ဆိုင်ပိုင်ရှင်က ပြန်သယ်သွား

ကျောက်မဲ တိုက်ပွဲကြောင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို စစ်ရှောင်လာတဲ့ သူတွေကို စစ်ကောင်စီရဲ့ ရှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လာကူပေးတဲ့ ဆန်အိတ် ၁၀၀ ကျော်ကို ဆန်ဆိုင်ပိုင်ရှင် ပြန်လာသယ်သွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

Junta and MNDAA Hold Further Negotiations in Lashio

The junta and the Myanmar National Democratic Alliance Army (MNDAA) reportedly held further talks on September 16 at the Two Elephants Hotel in Lashio, the capital of northern Shan State recently recaptured by the junta.