လားရှိုးမြို့မှာ ဆေးကြောင်ပြီး မောင်းနှင်လာတဲ့ကားတစ်စီး ကားနဲ့ဆိုင်ကယ်တွေကို တိုက်မိလို့ ၂ ဦး ဒဏ်ရာ အပြင်းအထန်ရ
စစ်ကောင်စီ ပြန်လည်ထိန်းချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက်(၇)ရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂)အနီးမှာ မူးယစ်ဆေးကြောင်ပြီး မောင်းနှင်လာတဲ့ ကားတစ်စီးက ကားနဲ့ ဆိုင်ကယ်တွေကို တိုက်မိလို့ ၂ ဦး ဒဏ်ရာအပြင်းအထန် ရခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။