ကျောက်မဲမှာ TNLA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်က အမျိုးသား ၃ ဦးကို ဖမ်းဆီး၊ နေအိမ်တချို့လည်း ချိတ်ပိတ်ခံရ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ တအာင်းတပ်- TNLA နဲ့ဆက်စပ်တယ်ဆိုပြီး အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး နေအိမ်တချို့ကိုလည်း ချိတ်ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။