သိန္နီမှာ မြန်မာငွေနဲ့ စျေးဝယ်တာ ဆိုင်ရှင်က လက်မခံတာကြောင့် ဝယ်သူနဲ့ ရောင်းသူကြား ပြဿနာဖြစ်၊ တရုတ်ယွမ်ငွေတွေ အသုံးပြုမှု ပိုများလာ
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ မြန်မာငွေနဲ့ စျေးဝယ်သူကို ဆိုင်ရှင်က လက်မခံတာကြောင့် အငြင်းပွါးတဲ့ ဖြစ်စဉ် ဒီရက်ပိုင်းအတွင်းထဲမှာ ဖြစ်ပွါးခဲ့တယ်လို့ သိန္နီမြို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။