ဓာတ်ပုံ- SW

မိုင်းပန်ပျော်၊ မတ်လ ၂၃ ရက်၊ မူဆယ်

တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာ ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေးခံရတဲ့ အမျိုးသမီး ၃ ဦးကို လူမှုကူညီရေးအသင်းတွေက ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်မှာ နေပြည်တော်ကနေ မူဆယ်မြို့ဘက် အလုပ်လုပ်ဖို့ တက်လာတဲ့ အမျိုးသမီး ၃ ဦးဟာ မူဆယ်မြို့သို့ ရောက်ရှိပြီးနောက် ပြည့်တန်ဆာလုပ်ဖို့ ဖိအားပေးခံရတာကြောင့် လူမှုကူညီရေးအသင်းတွေထံ ဆက်သွယ်ကာ အကူအညီ တောင်းခံခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“သူတို့က မူဆယ်ကို အလုပ်လုပ်ဖို့လာတာ အနှိပ်ခန်းသီးသန့် ရိုးရိုးအနှိပ်ခန်းပဲ ခေါ်တာပေါ့။ အဲဒါကြောင့် သူတို့က လိုက်လာတာပေါ့ မူဆယ်ကို။ မူဆယ်လည်းရောက်ရော တစ်ရက်နှစ်ရက်နားပြီး ရိုးရိုးအနှိပ်ခန်း မဟုတ်ဘူး ပြည့်တန်ဆာ လုပ်ခိုင်းတယ်။ ပြည့်တန်ဆာ လုပ်ခိုင်းတော့ သူတို့က သဘောမတူတော့ အကူအညီ လှမ်းတောင်းလာပြီး သွားကြိုလိုက်တာ”

အသက် ၂၀ ဝန်းကျင်အရွယ်သာ ရှိသေးတဲ့ အဲဒီအမျိုးသမီး ၃ ဦးဟာ နေပြည်တော်မှာ နေထိုင်ကြသူပြီး မူဆယ်မြို့မှာ အလုပ်လုပ်ဖို့ တက်လာသူတွေ ဖြစ်ပါတယ်။

အလုပ်ရှင်တွေထံ ကျပ်ငွေ ၁၇ သိန်း ပေးကာ ၎င်းတို့ကို ကယ်ထုတ်ခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီအမျိုးသမီး ၃ ဦးကို လူမှုကူညီရေးအသင်းရုံးမှာ ယာယီ နေရာချပေးထားတယ်လို့ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ လောင်းကစားဝိုင်း၊ KTV၊ အနှိပ်ခန်း၊ ပြည့်တန်ဆာခန်း ပေါများတဲ့နေရာ ဖြစ်တာကြောင့် လူကုန်ကူးမှု၊ ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု စတဲ့ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့မှာ အမျိုးသမီး ၈ ဦးကို တရုတ်နိုင်ငံဘက် လူကုန်ကူးဖို့ ပြင်ဆင်နေတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးကို ညီနောင်မဟာမိတ် အုပ်ချုပ်ရေးကော်မတီရုံးက ဖမ်းဆီးရမိခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။