ရွှေဖီမြေ၊ စက်တင်ဘာ ၁၂ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့ရဲ့ ဗဟိုဈေးမှာရှိတဲ့ “ရွှေမိုး” ဆိုတဲ့ ရွှေဆိုင်ကို လက်နက်ကိုင်ဆောင်ထားသူတွေက ဓားပြတိုက်ခဲ့ပြီး ဆိုင်ရှင်ဖြစ်သူကိုလည်း သေနတ်နဲ့ ပစ်ခတ်လို့ လက်မောင်းထိမှန် ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ စက်တင်ဘာ ၁၂ ရက် မနက် ၈ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသူ ၃ ဦးက ဓားပြတိုက်သွားတာဖြစ်တယ်လို့ ဒေသခံတွေက လူမှုကွန်ရက်တွေမှာ ဖော်ပြကြပါတယ်။
ရွှေဆိုင်ပိုင်ရှင်ဖြစ်သူ ဓားပြတိုက်ခံရပြီး ဟော်ဟစ်အကူအညီတောင်းချိန်မှာ ဓားပြတွေကို တားဆီးဖို့ ကြိုးပမ်းတဲ့ နောက်ထပ်အမျိုးသားတစ်ဦးကလည်း ညာဖက်ခြေထောက်မှာ သေနတ်ပစ်ခံရပြီး ၎င်းကို ကျောက်မဲလူမှုကူညီရေးအသင်းက ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ဆိုပါတယ်။
ဓားပြတိုက် လုယက်ခံခဲ့ရတဲ့ ရွှေထည်ပစ္စည်း အမျိုးအစားတွေကို သေချာမသိရသေးသလို ပစ္စည်းရဲ့ ကာလတန်ဖိုးကိုလည်း တိတိကျကျမသိရသေးပဲ ရွှေဖီမြေက ကာယကံရှင်တွေနဲ့ နီးစပ်သူတွေထံ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။