ဓာတ်ပုံ – တအာင်းမီးသတ်တပ်ဖွဲ့

ရွှေဖီမြေ၊ ဩဂုတ် ၃၁ ရက်၊ နမ့်ဆန်

တအာင်းဒေသ နမ့်ဆန်မြို့နယ် တောင်မကျေးရွာအုပ်စု လပိုင်းကျေးရွာမှာ မီးအကြီးအကျယ်လောင်ခဲ့ပြီး နေအိမ် ၃ လုံးနဲ့အတူ တန်ဖိုးကြီးပစ္စည်းအများအပြား ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဟာ ရွာတွင်းထဲရှိ နေအိမ်တစ်အိမ်က မီးဖိုမီးအကြွင်းအကျန်ကနေ စတင်လောင်ခဲ့တာဖြစ်ပြီး ဩဂုတ် ၃၀ ရက် မနက် ၁၀ နာရီခွဲကနေ နေ့လည် ၁၂ ခွဲအထိ ၂ နာရီကြာ လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

တအာင်းမီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောကြားချက်အရ မီးလောင်မှုထဲမှာ နေအိမ် ၃ လုံး၊ CZI ဆိုင်ကယ် ၂ စီး၊ ခြံရမ်းစက် ၃ ခု၊ ပိုက်ဆံ သိန်း ၁၃၀၊ ချိန်းစော ၁ လက်၊ စက်ချုပ်စက် ၁ ခု၊ ၁၂ ကောင်အဂျင် လက်ဖက်ခြောက် စတဲ့ပစ္စည်းအများအပြား ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Screenshot

အဲဒီပစ္စည်းတွေရဲ့ တန်ဖိုးဟာ စုစုပေါင်း ၁၂၅,၁၈၀,၀၀၀ ကျပ်အထိ ရှိပြီး မီးလောင်မှုအဆင့်ကို အဆင့် A အဖြစ် သတ်မှတ်ထားတယ်လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကိုးကန့်တပ်ရဲ့ ကွတ်ခိုင်ထိုးစစ်အတွင်း အနည်းဆုံး နေအိမ် ၁၂ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့

ကွတ်ခိုင်မှာ ကိုးကန့်တပ်- MNDAA က တအာင်းတပ်- TNLA ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း အနည်းဆုံး နေအိမ် ၁၂ အိမ်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းနဲ့ စာသင်ကျောင်း ၁ ကျောင်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ လုပ်ကွက် မြေစာပုံ ထပ်မံပြိုကျလို့ ရေမဆေးကျောက်လုပ်သား အနည်းဆုံး ၄ ဦး ပါသွား

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်နဲ့ ကောင်စံရွာကြားရှိ စိန်လုံတောင်တန်းကြောက ကုမ္ပဏီလုပ်ကွက်တခုမှာ ဒီနေ့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက်ရှာလုပ်သား အနည်းဆုံး ၄ ဦး မြေစာပုံအောက် ပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြင်ဦးလွင် ဓာတ်တော်ချိုင့် ရေတံခွန်မှာ အမျိုးသမီးငယ်တစ်ဦး ရေထဲပြုတ်ကျ သေဆုံး

‎မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ အမျိုးသမီးငယ်တစ်ဦး ရေအိုင်ထဲ ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကိုသိရတဲ့ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

လားရှိုးမြို့ပေါ်က ရပ်ကွက်တချို့မှာ ရေကြီးလို့ ပျက်စီးဆုံးရှုံးမှုရှိ

ရှမ်းမြောက် လားရှိုးမြို့ပေါ်က ရပ်ကွက်တချို့မှာ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှု ရှိနေတယ်လို့ လားရှိုးမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။