ရွာငံမြို့နယ်ထဲက တောင်ပိုင်းရွာတွေဘက် တိုက်ပွဲ ဖြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က ဒေသခံတွေကို အရေးပေါ် ရှောင်ခိုင်းနေ

ရှမ်းတောင် ရွာငံမြို့နယ် မြိုင်ကျေးရွာအုပ်စုအပါအဝင် ရွာငံတောင်ပိုင်းရွာတွေဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF နဲ့ တိုက်ပွဲ ဖြစ်မယ်ဆိုပြီး စစ်ကောင်စီတပ်က အမြန်ရှောင်ခိုင်းနေတာကြောင့် ဒေသခံတွေ အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‎ကွတ်ခိုင် မုံးစီးရှိ TNLA တပ်သားဟောင်း ၆ ဦးနဲ့ ရွာခံတစ်ဦးကို MNDAA ဖမ်းဆီး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသက တအာင်းတပ်- TNLA ရဲ့ တပ်သားဟောင်းနဲ့ ရွာခံ စုစုပေါင်း ၇ ဦးကို ကိုးကန့်တပ်- MNDAA က ဖမ်းဆီးသွားကြောင်း ဖြစ်စဉ်သိရှိတဲ့ သတင်းအရင်းအမြစ် အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ချင်းပြည်မြောက်ပိုင်းကို အထူးရဲကွန်မန်ဒို အင်အား ၁ ထောင်ကျော် ဖြည့်တင်းထား

ချင်းပြည်နယ်မြောက်ပိုင်းဘက်က မြို့နယ်တွေကို စစ်ကောင်စီက အထူးရဲကွန်မန်ဒိုအင်အား ၁ ထောင်ကျော် ပို့ဆောင်ထားတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ရွာငံမြို့နယ် မြစေတီရွာခံ ၆ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးပြီး ကျေးရွာအတွင်း ဆက်လက်တပ်စွဲထား

ရှမ်းတောင် ဓနုဒေသ ရွာငံမြို့နယ် မြစေတီရွာထဲ ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်မှာ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်လာပြီးတော့ ဒေသခံ ၆ ဦးကို ဖမ်းဆီးသွားပါတယ်။

သံတွဲမြို့နယ်ထဲ လေကြောင်းကနေ ဗုံးအလုံး ၆၀ နီးပါး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရပြီး သိန်း ၃ ထောင်ကျော် ပျက်စီးဆုံးရှုံး

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ် ငပလီမြို့ ဂျီတ္တော ၉ ရပ်ကွက်ထဲ မနေ့ ဩဂုတ် ၃ ရက် မနက် ၁၀ နာရီခွဲကစပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ Y-12 ၁ စီး အသုံးပြုပြီး ဗုံးအလုံးရေ ၆၀ နီးပါး ဆက်တိုက် ကြဲချတိုက်ခိုက်သွားခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာနဲ့ဝက်လက်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း မုံရွာနဲ့ ဝက်လက်မြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တစ်ဦး သေဆုံးပြီး အရပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

သံတွဲမြို့နယ်ထဲ ဗုံး ထပ်ကြဲလို့ အရပ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်လာပါတယ်။

ဆောမြို့နယ် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီရဲ့ စစ်သုံ့ပန်း ၉ ဦးကို PDF တွေ ဖမ်းဆီးရမိ

ရွှေဖီမြေ၊ ဇူလိုင် ၂၈ ရက်၊ ဆော မကွေးတိုင်း ဆောမြို့နယ်ထဲ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ…

မကွေး-နေပြည်တော်လမ်းပိုင်းရှိ စစ်တပ်ရဲ့ ရဲစခန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

မကွေး-နေပြည်တော်လမ်းပိုင်းရှိ စစ်တပ်ရဲ့ ရွှေဗန်းရဲစခန်းကို တော်လှန်ရေးတပ်တွေဘက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သတင်းထုတ်ပြန်ပါတယ်။

ကျောက်ထု အမတ ၃၆၈ စစ်ကြောင်းက ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး အဲထဲက ၃ ဦး သေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့ အမှတ် ၃၆၈ အမြောက်တပ်ရင်း စစ်ကြောင်းဟာ ကြီးရွာက အရပ်သား ၁၈ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ရာ ၃ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။