Browsing Category
သတင်း
3808 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ သတ်ဖြတ်မှုကြောင့် ညောင်လေးပင်မြို့နယ်က အရပ်သား ၃၀ ဦး သေဆုံး
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုထဲမှ အရပ်သား ၃၀ ဦးကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်တာနဲ့ သတ်ဖြတ်မှု လုပ်ဆောင်ခဲ့ကြောင်း ဒီနေ့ မတ်လ ၉ ရက်မှာ ကရင်အမျိုးသားအစည်းအရုံး- KNU က ထုတ်ပြန်ပါတယ်။
ကနီမြို့နယ်ထဲက အလှူအိမ်နဲ့ ဘုန်းကြီးကျောင်းကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရှင်လောင်း ၂ ဦးအပါအဝင် ၉ ဦး သေဆုံး
စစ်ကိုင်းတိုင်း ကနီမြို့နယ်ထဲ ရှင်ပြုပွဲ ပြုလုပ်နေတဲ့ အလှူအိမ်နဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရှင်လောင်း ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူက ရွှေဖီမြေကို ပြောပါတယ်။
တအာင်းတပ် ထိန်းချုပ်ဒေသဘက် ကိုးကန့်တပ်က ကုန်ပစ္စည်း သယ်ယူခွင့် ပိတ်ပင်ထားဆဲ၊ ကုန်တချို့ ဈေးမြှင့်တာနဲ့ ပြတ်လပ်မှုရှိလာ
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ဒေသဘက် ကိုးကန့်တပ်- MNDAA က ကုန်စည်တွေ မစီးဆင်းနိုင်အောင် ပိတ်ပင်ထားဆဲဖြစ်ပြီး ပစ္စည်းသယ်ယူခွင့်ကိုလည်း လုံးဝ မပေးတော့ဘူးလို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။
နမ့်ဖတ်ကာမှာ အမျိုးသားတစ်ဦး မီးသွေးဖုတ်ဖို့သွားရင်း မိုင်းနင်းမိလို့ ဆေးကုသဖို့ အကူအညီ လိုအပ်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ မီးသွေးဖုတ်ဖို့သွားတဲ့ အမျိုးသားတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်မှာ ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသဖို့ အကူအညီ လိုအပ်နေကြောင်း ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အကြမ်းဖက်မှု ပုံစံမျိုးစုံ ကြုံနေရဆဲ တအာင်းဒေသက အမျိုးသမီး
ပဋိပက္ခဒေသဖြစ်တဲ့ ရှမ်းမြောက်နဲ့ တအာင်းဒေသမှာ နေထိုင်တဲ့ အမျိုးသမီးအများစုဟာ စီးပွားရေးနဲ့ ရိုးရာဓလေ့ဆိုင်ရာ အကြမ်းဖက်မှုအပြင် အိမ်တွင်းအကြမ်းဖက်မှုဖြစ်တဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်း စတဲ့အကြမ်းဖက်မှုတွေကို ကြုံနေကြရကြောင်း အချက်အလက်တွေနဲ့တကွ တွေ့မြင်နေရပါတယ်။
ကိုးကန့်တပ်က စက်သုံးဆီ၊ ကုန်ပစ္စည်းအားလုံး သယ်ဆောင်ခွင့် ပိတ်ထားတဲ့ သိန္နီနဲ့ကွတ်ခိုင်လမ်းပိုင်းမှာ အတက်ယာဉ်အားလုံးကို ပိတ်ထားတော့မယ်လို့ဆို
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နဲ့ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီလမ်းကို အဆင်းသာ ခွင့်ပြုပြီး သိန္နီကနေ ကွတ်ခိုင်ဘက် တက်လာတဲ့ ယာဉ်တွေကိုတော့ ကိုးကန့်တပ်ဘက်က ဖြတ်သန်းခွင့် မပေးတော့ဘူးလို့ ကားသမားတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ထိုးစစ် တကောင်းမြို့အနီး ရောက်လာ၊ တကောင်းမြို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရဖွယ်ရှိနေ
အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲရှိ တကောင်းမြို့အနီးကို စစ်ကောင်စီတပ် ရောက်ရှိနေပြီး တကောင်းမြို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရဖွယ် ရှိနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။