ဓာတ်ပုံ- Lcoal

ပို့လဘား၊ မတ်လ ၉ ရက်၊ နမ့်ဖတ်ကာ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ နေအိမ်တစ်လုံး မီးလောင်လို့ အိပ်ပျော်နေတဲ့ မြေးအဖွားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့ မတ်လ ၈ ရက် ည ၉ နာရီမှာ နမ့်ဖတ်ကာရွာရှိ ရပ်ကွက် ၆ မှာ ဖယောင်းတိုင် မီးထွန်းရာကနေ မီးလောင်ခဲ့တာပဲ ဖြစ်ပါတယ်။

“သူတို့အဖွားက အိမ်ရဲ့နံရံတိုင်တစ်ခုမှာ ဖယောင်းတိုင် ထွန်းထားတာ။ သူထွန်းထားတဲ့ ဖယောင်းတိုင်က သူတို့ဝယ်ထားတဲ့ ဓာတ်ဆီပုံးပေါ် ပြုတ်ကျလို့ မီး စလောင်သွားတာ။ သူ့တို့အဖွားနဲ့ မြေးလေးက မီးထဲ ပါသွားတာ။ မီးသတ်ကားက လာတယ်။ လာတဲ့အချိန်မှာ အကုန်မီးလောင်သွားပြီ”

နေအိမ် မီးလောင်မှုအတွင်း သေဆုံးသွားသူဟာ အသက် ၁၀ နစ်အရွယ် လွေးအေပို့ကီနဲ့ ၆၀ နှစ်အရွယ် ဒေါ်အမ်ခေါင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်ကလည်း မန်တုံမြို့နယ် တောမောကျေးရွာက ဘုန်ကြီးကျောင်းမှာလည်း မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နမ့်ဆန်နဲ့ မိုင်းဝီးမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တစ်လအတွင်း မီးလောင်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်ဆုံးရှုံးသွားတဲ့ တန်ဖိုးဟာ သိန်းပေါင်း ၈၀၀ ကျော် ရှိတယ်လို့ တအာင်းတပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။