Browsing Category
သတင်း
985 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ထမင်းဆိုင်မှာ ထိုင်နေတဲ့ စကစနဲ့ ပျူစောထီး ၂၀ ခန့်ကို သာယာဝတီခရိုင် PDF က ရှောင်တခင် ပစ်ခတ်တိုက်ခိုက်၊ ၈ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ
ပဲခူးတိုင်း မင်းလှမြို့နယ် အင်ကြင်းကုန်းအုပ်စု အညာတန်းကြီးရွာ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ “53”မြန်မာထမင်းဆိုင်မှာ စကစနဲ့ ပျူစောထီး ၂၀ ဦးခန့်ကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ ၂ ရဲဘော်တွေက ရှောင်တခင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စလင်းမြို့နယ် ရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရ၊ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
မကွေးတိုင်း စလင်းမြို့နယ်က ကျေးရွာတွေဘက် အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဗမာ့တပ်တော်- Bamar Army က ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အထိနာခဲ့တယ်လို့ ဗမာ့တပ်တော်က မနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
PNLO ဌာနချုပ်ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်တပ်ဟာ ငြိမ်ချမ်းမှုကို မလိုလားကြောင်း PNLO ပြော
အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းတောင် မောက်မယ်မြို့နယ်ထဲမှာရှိတဲ့ ပအိုဝ်းတပ်မတော်- PNLO/PNLA ရဲ့ ဌာနချုပ်ဧရိယာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဟာ ငြိမ်ချမ်းမှုကို မလိုလားကြောင်း PNLO က ပြောပါတယ်။
ကျောက်ဂူဒေသမှာ ၁ လအတွင်း စစ်ကောင်စီတပ်နဲ့ DPLA တိုက်ပွဲ ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့၊ စစ်သား ၃ ဦး DPLA ထံ အလင်းဝင်
ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ၁ လအတွင်း စစ်ကောင်စီတပ်နဲ့ ဓနုတပ်တော်- DPLA အကြား တိုက်ပွဲ ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။