ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ရွာငံ

‎ရှမ်းတောင် ရွာငံမြို့နယ်မှာ လင်မယား ၂ ဦးက ပစ်ခတ်ခံခဲ့ရလို့ အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ သတင်းအရင်းအမြစ်ရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ ရွာငံမြို့နယ် ရွာဘန်းကြီးအုပ်စု ပွေးနဖားရွာက အသက် ၃၀ ကျော်အရွယ် လင်မယား ၂ ဦးကို လက်နက်ကိုင်တစ်စုက ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

‎”ပစ်ခံရတဲ့ကောင်က ပျူစောထီးခေါင်းဆောင် ငအွန်ရဲ့ လက်အောက်မှာ ဖြစ်တယ်။ သူလည်း ပျူစောထီးပါဘဲ” လို့ ရွာငံမြို့နယ်အခြေစိုက် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ် DSNDA ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားပျံက ပြောပါတယ်။

‎ပစ်ခတ်ခံရသူ အမျိုးသားဟာ ပျူစောထီးတပ်ဖွဲ့ဝင်လို့ ပြောဆိုကြပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်ပဲ လက်ရှိမှာ ထိမှန်ဒဏ်ရာရခဲ့တဲ့ ၎င်းအမျိုးသားက တောင်ကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

‎၎င်းကျေးရွာ အနီးတဝိုက်မှာ လှုပ်ရှားသွားလာတဲ့ လက်နက်ကိုင်တွေလည်း များတာကြောင့် ဘယ်အဖွဲ့က ပစ်ခတ်သွားလဲဆိုတာကို မသိရသလို လက်ရှိအချိန်အထိ ဘယ်အဖွဲ့မှ ထုတ်ပြန်ထားတာ မရှိကြောင်း သူက ဆိုပါတယ်။

‎အလားတူ ပြီးခဲ့တဲ့လ ဇန်နဝါရီ နောက်ဆုံးအပတ်ကလည်း ရွာငံမြို့နယ် လယ်ကိုင်းရွာက အမျိုးသား ၄ ဦးကို လက်နက်ကိုင်တစ်စုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဖေဖော်ဝါရီ ၉ ရက်မှာ ရွာအနီးက နေရာတစ်ခုမှာ သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ တွေ့ခဲ့ရကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ရွာငံမြို့နယ်မှာ စစ်ကောင်စီတပ်အပြင် ဓနုပြည်သူ့လွတ်‌မြောက်ရေးတပ် DPLA၊ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ် DSNDA နဲ့ MOD လက်အောက်ခံ p3.1003 တပ်ရင်းတို့ သွားလာလှုပ်ရှားတဲ့ နေရာတွေ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။