ကလေးမှာ အငှားယာဉ်မောင်း ချင်းလူငယ်တစ်ဦး ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သေဆုံး၊ နှလုံးရပ် သေဆုံးတာလို့ စစ်ကောင်စီပြော

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အငှားယာဥ်မောင်းလိုက်နေတဲ့ ချင်းလူငယ်တစ်ဦးကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်ကြောရေးမှာ သေဆုံးခဲ့တယ်လို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မြိတ် – ထားဝယ်ခရိုင်အတွင်း စစ်ကြောင်းထိုးလာကြတဲ့ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ဆက်တိုက်ကျူးလွန်နေကြောင်း KNU ပြော

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ထားတဲ့ မြိတ် – ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှု ဆက်တိုက်ကျူးလွန်နေကြောင်း KNU က ထုတ်ပြန်လာပါတယ်။

MDF စစ်သင်တန်းကျောင်းကို စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်လို့ သင်တန်းသား ၄ ဦး ကျဆုံး

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့နယ် ရွှေလိုက်ဝရွာမှာရှိတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Maraland Defence Force (MDF) စစ်သင်တန်းကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့လို့ သင်တန်းသား ၄ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မန္တလေးကနေ ရွှေကူ၊ ဗန်းမော်ဘက် စစ်ကူ တက်လာတဲ့ စစ်သင်္ဘောကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

မြတ်နိုး၊ ဩဂုတ် ၂၅ ရက်၊ မန္တလေး မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူ၊ ဗန်းမော်ဘက် စစ်ကူအင်အားဖြည့်ဖို့ ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့…

မူဆယ်မြို့ရှိ ကျားဖြန်ရုံတစ်ခု မီးလောင်မှုဖြစ်ပွား

ရွှေဖီမြေ၊ ဩဂုတ် ၂၅ ရက်၊ မူဆယ် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာရှိတဲ့ ကျားဖြန်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့…

မိုင်းငေါ့မှာ အသက် ၁၅ နှစ်အရွယ်ကလေးတစ်ဦး ရေချောင်းထဲ ရေဆင်းကစားရာကနေ ရေနစ်သေဆုံး

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုင်းငေါ့မြို့နယ်၊ ဟဲခမ်းကျေးရွာအနီး နမ့်မီချောင်းမှာ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေဆင်းကစားရာကနေ ရေနစ်သေဆုံးခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

ဖားကန့် မှော်ဝမ်းကလေးရွာမှာ စစ်ရှောင်တွေ နေရပ်ပြန်လာချိန် အလောင်း ၂၅ လောင်း တွေ့ရှိတဲ့အပြင် နေအိမ် ၆၀ ခန့်လည်း မီးရှို့ဖျက်ဆီးခံရ

ကချင်ပြည်နယ် မိုးညင်းခရိုင် ဖားကန့်မြို့နယ် မှော်ဝမ်းကလေးရွာမှာ စစ်ရှောင်တွေ ဒီရက်ပိုင်းအတွင်း နေရပ်ပြန်လာချိန် နေအိမ် ၆၀ ခန့် မီးရှို့ဖျက်ဆီးခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၂၅ လောင်း ဒေသခံတွေ တူးဖော်တွေ့ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း ၂၅ လောင်းကို ဒေသခံတွေ တူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပလက်ဝမြို့နယ် စိမ့်ညှင်းဝရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုများ

ချင်းပြည်နယ် ပလက်ဝမြို့နယ် လယ်လှအုပ်စု စိမ့်ညှင်းဝရွာကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးမှု များတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မိုင်းပျဉ်းမှာ စစ်တပ်နဲ့ RCSS တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က သေဆုံးမှုရှိ

‎ရှမ်းအရှေ့ မိုင်းပျဉ်းမြို့နယ်ထဲ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။