ကွတ်ခိုင် ကောင်းခါးရွာခံတွေရဲ့ မြေယာနဲ့ သာသနာပိုင်မြေကို KIA ရဲ့ အရာရှိတချို့က အကွက်ရိုက် ရောင်းချနေ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ကောင်းခါးရွာမှာ ဒေသခံတွေရဲ့ မြေယာနဲ့ သာသနာပိုင်မြေကို ကချင်တပ်မတော်- KIO/KIA ရဲ့ အာဏာပိုင်တချို့က မတ်လအတွင်း အကွက်ရိုက် ရောင်းချနေကြောင်း သတင်းထွက်ပေါ်နေပါတယ်။

ကွတ်ခိုင်မှာ လေပြင်းတိုက်ခတ်ရာကနေ သစ်ပင်လဲကျတာကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီး

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ ရပ်ကွက် (၂) မှာ လေပြင်းတိုက်ခတ်ရာကနေ သစ်ပင်လဲကျမှုကြောင့် နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်အတွင်းမှာ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃ သောင်းနီးပါး ရှိနေ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း ၄ နှစ်ကာလအတွင်းမှာ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ သောင်း ၈ ထောင်ကျော် ရှိတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ မတ်လ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကသာမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ် ၃၃ ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဘက်က ၂ ဦး ကျဆုံး

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်နဲ့ ကသာမြို့နယ်အစပ် ပင်လွတ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်တပ်မတော် KIA၊ KPDF၊ ကသာခရိုင် တပ်ရင်း (၁)၊ မိုးတားတိုက်နယ် ပကဖ နဲ့ ကသာမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဘက်က ၂ ဦး ကျဆုံးခဲ့ရကြောင်း NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့ မတ်လ ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတစ်ခုမှာ မိုးသက်လေပြင်းကြောင့် စာသင်ကျောင်းဆောင် ပျက်စီး၊ ပြန်ပြင်ဖို့ အကူအညီ လိုအပ်နေ

ရှမ်းတောင်နဲ့ ကရင်နီနယ်စပ် နန်းမယ်ခုံမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုမှာ မိုးသက်လေပြင်းကြောင့် စာသင်ကျောင်းဆောင် ၂‌ ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းဆောင် ပြန်လည်ပြုပြင်ဖို့ အကူအညီ လိုအပ်နေပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကျိုက်ထိုမြို့နယ်က ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ၂ ပါး ဒဏ်ရာရ

မွန်ပြည်နယ် ‌ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဘုန်းကြီးတစ်ပါး ပွဲချင်းပြီး ပျံလွန်တော်မူပြီးတော့ ၂ ပါး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး- KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖယ်ခုံမှာ လက်လုပ်မိုင်း ဆော့ကစားရာကနေ တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ

ရှမ်းတောင် ဖယ်ခုံမြို့နယ်မှာ လက်လုပ်မိုင်း ဆော့ကစားရာကနေ တစ်ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တပ်ဖွဲ့ဝင်သစ် ရာနဲ့ချီကို DPLA အခြေခံစစ်သင်တန်းပေးနေ

တအာင်းတပ်မတော်-TNLA နဲ့အတူ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLA/DPLF ရဲ့ စစ်သင်တန်းပေးနေတဲ့ ပုံရိပ်တွေဖြစ်ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီက လေယာဥ်နဲ့ ဟောင်ဝစ်ဇာအသုံးပြုပြီး တိုက်ခိုက်၊ အုမ္မခါးမှာလည်း စစ်ကောင်စီရဲ့ ဒရုန်းကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီက လေယာဥ်နဲ့ ဟောင်ဝစ်ဇာအသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

တောင်ကြီးလဝကရုံးမှာ သွေးနှောသူတချို့က မှတ်ပုံတင်တစ်ခုရဖို့ လချီပြီး ကြန့်ကြာမှုတွေ ရှိနေတာကြောင့် အခက်တွေ့နေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းတောင် တောင်ကြီးမြို့က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက) ရုံးမှာ ရှမ်းမြောက်က မှတ်ပုံတင်သွားလုပ်တဲ့ ဒေသခံတချို့က မှတ်ပုံတစ်ခုရဖို့ကို လချီပြီး ကြန့်ကြာမှုတွေ ရှိနေတာကြောင့် အခက်တွေ့နေကြတယ်လို့ သိရပါတယ်။