ရွာငံမှာ စစ်ရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားက အုပ်စုလိုက် အဓမ္မပြုကျင့်တာ ရှိနေကြောင်း ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြ

ရှမ်းတောင် ရွာငံမြို့နယ်မှာ စစ်ရှောင်အမျိုးသမီးတွေကို စစ်ကောင်စီတပ်သားက အုပ်စုလိုက် အဓမ္မပြုကျင့်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်- SHRF ရဲ့ ဧပြီ ၂၄ ရက်က ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တွေမြို့မှာ ဖမ်းဆီးခံရတဲ့ အရပ်သား ၃၀ ကျော်ကို စစ်ကောင်စီက ပြန်လွတ်ပေး

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အရပ်သား ၃၀ ကျော် ကို မနေ့ ဧပြီလ ၂၄ရက်နေ့ညနေမှာ ပြန်လည်လွတ်ပေးလိုက်ပြီလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အပစ်ရပ် ကြေညာတဲ့ စစ်ကောင်စီက ကျောက်ဖြူမှာ ဒရုန်းဗုံးကြဲလို့ စစ်ရှောင်တစ်ဦး သေဆုံး

ယာယီ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သက်တမ်း တိုးမြှင့်ထားတဲ့ စစ်ကောင်စီတပ်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ကို အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်အမျိုးသမီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တောင်းခမ်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး နောင်ချိုအနီး နောင်လင်ရွာအထိ စစ်ကောင်စီတပ်ရဲ့ထိုးစစ် ရောက်လာ

စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာအနီးတစ်ဝိုက်မှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ မင်္ဂလာဆောင်ဓာတ်ပုံ လာရိုက်တဲ့အတွဲ ဓားပြတိုက်ခံရ၊ ကား ၁ စီးနဲ့ သိန်း ၁၀၀ ကျော် ပါသွား

ပို့လဘား၊ ဧပြီ ၂၅ ရက်၊ လားရှိုး ရှမ်းမြောက် လားရှိုးမြို့မှာ မင်္ဂလာဆောင်ဓာတ်ပုံ လာရိုက်သူ ဓားပြ တိုက်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ…

ကွတ်ခိုင်မှာ MNDAA က လောင်းကစားရုံ ဆောက်ပြီး ၃ လခန့် ကြာတဲ့အထိ ဆက်ဖွင့်နေ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက်(၄) ပန်းခြံဈေးအပြင်မှာ ကိုးကန့်တပ်- MNDAA က လောင်းကစားရုံဆောက်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နမ့်ဆန်က ၅ နှစ်အရွယ် ကလေးကို အဓမ္မပြုကျင့်ခဲ့သူ အမျိုးသားကို TNLA ဖမ်းဆီး

တအာင်းဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာအုပ်စုထဲက ကျေးရွာတစ်ရွာမှ အသက် ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ခံရမှုမှာ သံသယရှိသူ အမျိုးသားကို တအာင်းတပ်မတော်- TNLA က ဖမ်းဆီးထားပြီး အရေးယူဖို့ ပြင်ဆင်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

နမ့်ဆန် မြို့သစ်ရွာမှာ အုပ်စုဖွဲ့ ဆိုင်ကယ် ခိုးနေတဲ့ အမျိုးသား ၅ ဦးကို ဖမ်းမိထားကြောင်း TNLA ထုတ်ပြန်

တအာင်းဒေသ နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာမှာ အုပ်စုဖွဲ့ ဆိုင်ကယ် လိုက်ခိုးနေတဲ့ အမျိုးသား ၅ ဦးကို ခိုးယူထားတဲ့ ဆိုင်ကယ် ၇ စီးနဲ့အတူ ဖမ်းမိခဲ့ကြောင်း တအာင်းတပ်- TNLA က ဒီနေ့ ဧပြီ ၂၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီက ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ တိုးမြှင့်ပြီးနောက် ဖားကန့်ဘက် ထိုးစစ်ဆင်လာ

စစ်ကောင်စီဘက်က ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလ တိုးမြှင့်ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့က ဖားကန့်လမ်းဘက် ထိုးစစ်ဆင်လာကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လက်နက်အကြွင်းအကျန်ကို ယူဆော့မိလို့ ကျောက်မဲက ကလေးငယ် ၁ ဦးပွဲချင်းပြီး သေဆုံး၊ ကိုရင်လေး ၁ပါးဒဏ်ရာအပြင်းအထန်ရပြီး ဆေကုသမှုခံယူဖို့ အကူအညီလိုအပ်နေ

ကျောက်မဲမြို့နယ် ကြူရှာကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာက ကလေးငယ်တွေဟာ လက်ဖက်ခြံထဲမှာရှိတဲ့ လက်​နက်အကြွင်းအကျန်ကို ယူဆော့ကစားမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက် ပွဲချင်းပြီးသေဆုံးကာ ကိုရင်ငယ် ၁ပါးအပါအဝင် ၄ ဦးက ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပါတယ်။