Browsing Category
ပြည်တွင်းသတင်း
3854 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
နမ့်ဖတ်ကာမှာ KIA ရဲဘော်တစ်ဦးနဲ့ ဈေးသည် ဆိုင်ကယ်ချင်း တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရ
ရှမ်းမြောက် ပြည်ထောင်စုလမ်းမပေါ်က ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ ဩဂုတ် ၂ ရက် ညနေပိုင်းမှာ ကချင်တပ်မတော်- KIA ရဲဘော်တစ်ဦးနဲ့ ဈေးသည် အမျိုးသားတစ်ဦး ဆိုင်ကယ်ချင်း တိုက်မိပြီး တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မိုင်းလားတပ်နဲ့ စစ်ကောင်စီ တွေ့ဆုံဆွေးနွေးပြီး ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေးကိစ္စအပြင် နယ်စပ်ကိစ္စကိုပါ ဆွေးနွေးအတည်ပြုခဲ့
ရှမ်းအရှေ့အခြေစိုက် မိုင်းလားတပ်- NDAA နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပြီး ဒေသတွင်း ဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေးကိစ္စအပြင် နယ်စပ်ကိစ္စကိုပါ ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးလမ်းစဉ်ဟာ အာဏာတည်မြဲရေးအတွက် ဟန်ပြသာဖြစ်လို့ TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်နဲ့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းမှု မလုပ်သင့်ကြောင်း တအာင်းအရပ်ဖက်အဖွဲ့အစည်း ထုတ်ပြန်
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဖိတ်ခေါ်ထားတဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးဟာ သူ့ရဲ့အာဏာတည်မြဲရေးအတွက် ဟန်ပြငြိမ်းချမ်းရေး ဖြစ်တာကြောင့် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သတိထားဖို့ လိုအပ်ပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်သင့်ဘူးလို့ တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်- TCSN က ထုတ်ပြန်လာပါတယ်။
တန့်ဆည်မြို့နယ်ထဲမှ ကျေးရွာ ၅ ရွာထက်မနည်းက စစ်ရှောင်အပါအဝင် ဒေသခံ ထောင်နဲ့ချီ ရေဘေးသင့်ပြီး အရေပြားရောဂါ ခံစားနေရလို့ အကူအညီ လိုအပ်နေ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံ ထောင်နဲ့ချီဟာ ရေဘေးသင့်ပြီး အကူအညီ လိုအပ်နေကြတယ်လို့ ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်နေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကလောချောင်းရေ တက်နေတာကြောင့် ရပ်ကွက်တွေထဲ ရေကြီးနေတဲ့အပြင် စပါးခင်းလည်း ပျက်စီး၊ ချောင်းရေ ဆက်ကြီးနိုင်တာကြောင့် သတိထားသွားလာဖို့ လိုအပ်
ရှမ်းတောင် ကလောမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ချောင်းရေတက်ပြီး ရပ်ကွက်တချို့မှာ ရေကြီးနေသလို ချောင်းအနီးက စပါးခင်းတွေလည်း ပျက်စီးသွားကြောင်း ချောင်းအနီးရှိ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။