Browsing Category
မူးယစ်ဆေးဝါး
36 posts
“ဝ”တပ်က တရုတ်နိုင်ငံသားတွေကို ပြန်ပေးဆွဲတဲ့ ရာဇဝတ်သားတစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့အတူ ထောင်ဒဏ် ၄ နှစ် ချမှတ်
“ဝ”တပ်မတော်- UWSA ရဲ့ မြို့တော်ဖြစ်တဲ့ ပန်ဆန်းခေါ် ပန်ခမ်းမြို့မှာ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးချုပ်နှောင်ပြီး ပြန်ပေးဆွဲတဲ့ တရားခံ ယန်ရှင်း (Yan Xin)ဆိုသူကို ထောင်ဒဏ် ၄ နှစ် ချမှတ်ကြောင်း “ဝ”ပြည် တရားစီရင်ရေးကော်မတီ- WSP က သတင်းထုတ်ပြန်ပါတယ်။
မန်တုံ စေကော်နဲ့ပန်ခါးလေးရွာမှာ မူးယစ်ဆေး သုံးစွဲသူနဲ့ ရောင်းဝယ်သူကို မူးယစ်ဆေးပြား ၆ဝဝ ခန့်နဲ့အတူ ဖမ်းဆီးရမိ
တအာင်းဒေသ မန်တုံမြို့နယ် စေကော်နဲ့ပန်ခါးလေးကျေးရွာမှာ မြို့နယ် တအာင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သူ ၂ ဦးနဲ့ သုံးစွဲသူတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တအာင်းတပ်ဘက်က မနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကွတ်ခိုင်က အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးသုံးတယ်ဆိုပြီး KIA က ဖမ်းခေါ်သွားပြီးနောက် ၂ ရက်အကြာမှာ အလောင်းပြန်လာပို့
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ဟိုဖျက်ရွာဖက်က အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးသုံးတယ်ဆိုပြီး ကချင်တပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ၂ ရက်အကြာမှာတော့ သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ ပြန်ပို့ခဲ့ကြောင်း ဖြစ်စဉ်ကိုသိရသူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။