စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ဦးကို ကိုးကန့်တပ်က လွှတ်ငြိမ်းခွင့် ထပ်ပေး

ကိုးကန့်ရိုးရာ ” တာကျောင်” ပူဇော်ပွဲ အထိမ်းအမှတ်ဆိုပြီး ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ဦးနဲ့ အကျဥ်းသား ၉ ဦးကို လွှတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်- MNDAA က မနေ့ ဇန်နဝါရီ ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သီပေါနဲ့ မိုင်းရယ်ကြားမှာ မူးယစ်ဆေးဝါး ချက်စက်ရုံနဲ့ ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဆက်တိုက်ဖမ်းဆီးရမိနေ

ရှမ်းမြောက် သီပေါမြို့နယ်နဲ့ မိုင်းရယ်မြို့နယ်မှာ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ စစ်ကောင်စီတပ်က မနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

SSPP ထိန်းချုပ်နယ်မြေမှာ ဘိန်းချက်စက်ရုံအပါအဝင် ကျပ် ၁၅၀၀ ကျော် ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ စံချိန်တင် ဖမ်းမိပြီး မူးယစ်ဆေးဝါးထုတ်လုပ်မှုရဲ့ ပင်ရင်းနေရာဖြစ်တယ်လို့ စစ်ကောင်စီပြော၊ SSPP က ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထား

ရှမ်းမြောက် မိုင်းရယ်နဲ့ သီပေါမြို့နယ်အနီးရှိ ဘိန်းချက်စက်ရုံတွေကို စစ်ကောင်စီတပ်က ဝင်ရောက်ရှင်းလင်းဖမ်းဆီးခဲ့ပြီးတဲ့နောက် မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ ပါဝင်ပတ်သက်သူ ဘယ်အဖွဲ့အစည်းကိုမဆို အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းက သတင်းရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ပဲခူးနဲ့ မကွေးတိုင်းမှာ မဲရုံတွေ တိုက်ခိုက်ခံရပြီး ခရိုင်ထွေအုပ် လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးသေဆုံး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တချို့ ဒဏ်ရာရ

ပဲခူးတိုင်းနဲ့ မကွေးတိုင်းရှိ မြို့နယ်တချို့မှာ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲရုံတွေ တိုက်ခိုက်ခံရပြီး ခရိုင်ထွေအုပ် ညွှန်ကြားရေးမှူးတစ်ဦး သေဆုံးကာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်တဲ့ သီပေါမြို့နယ်ထဲက ကျားဖြန်ရုံကို ပါဝင်ပတ်သက်ခြင်းမရှိကြောင်း SSPP ထုတ်ပြန်

မနေ့ ဇန်နဝါရီ ၉ ရက်မှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သီပေါမြို့နယ်ထဲက ကျားဖြန်ရုံနဲ့ ပါဝင်ပတ်သက်တာမရှိဘူးလို့ SSPP က ဒီနေ့ ဇန်နဝါရီ ၁၀ရက်ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို PDF တပ်တွေ တိုက်ခိုက်ခဲ့

ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း ၁၄ ခုကို ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေက တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတင်းထုတ်ပြန်ပါတယ်။

PDF ရဲဘော်တွေရဲ့ အုတ်ဂူကို ခြေထောက်နဲ့ ချနင်းတဲ့ စစ်တပ်လော်ဘီ ကျော်စိုးဦးရဲ့ လုပ်ရပ်ဟာ အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်း တော်လှန်ရေးတပ်တွေ ပြော

တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေရဲ့ အုတ်ဂူကို ခြေထောက်နဲ့ ချနင်းတဲ့ စစ်တပ်လော်ဘီ ကျော်စိုးဦးရဲ့ လုပ်ရပ်ကို တော်လှန်ရေးတပ်တွေနဲ့ ပြည်သူတွေက အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ တရုတ်ဘက်ကို နေ့စဥ် ကားအစီးရေ ၂၀၀ ကျော် ကုန်တင်ပို့မှုရှိတယ်လို့ MNDAA ထုတ်ပြန်

ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်ကို နေ့စဥ် ကားအစီးရေ ၂၀၀ ကျော် ကုန်တင်ပို့မှုရှိပြီး ကုန်သွယ်မှုအရှိန်မြှင့်ထားတယ်လို့ ကိုးကန့်တပ်က မနေ့ ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ပျူခေါင်းဆောင်သီတာယုမွန်ရဲ့ အဖွဲ့ဝင်သုံးဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးရမိ

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ပျူခေါင်းဆောင်သီတာယုမွန်ရဲ့ အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်လာပါတယ်။

ပုလောက CDM ဆရာမနဲ့ သူရဲ့ခင်ပွန်း သတ်သွားသူတွေကို ဖမ်းဆီးရမိ

တနင်္သာရီတိုင်း ပုလောမြို့နယ်က CDM ဆရာမ ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူကို သတ်ဖြတ်သွားတဲ့ တရားခံတွေ ဖမ်းဆီးရမိပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU ) မနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။