သံတွဲမြို့နယ်ထဲ ဗုံးထပ်ကြဲခံရလို့ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံး၊ ၈ ဦး ဒဏ်ရာရ ၂ ဦး ပျောက်ဆုံးနေ

ရခိုင်ပြည် သံတွဲမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးနဲ့အထက် သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်- AA က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ် ဗုံးကြဲ၊ စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင်အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖရူဆိုမြို့နယ်ထဲ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲလို့ လသားအရွယ် ကလေးတစ်ဦးအပါအဝင် ၅ ဦး သေဆုံး

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

သံတွဲမြို့နယ်ထဲ လေကြောင်းကနေ ဗုံးအလုံး ၆၀ နီးပါး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရပြီး သိန်း ၃ ထောင်ကျော် ပျက်စီးဆုံးရှုံး

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့နယ် ငပလီမြို့ ဂျီတ္တော ၉ ရပ်ကွက်ထဲ မနေ့ ဩဂုတ် ၃ ရက် မနက် ၁၀ နာရီခွဲကစပြီး စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ Y-12 ၁ စီး အသုံးပြုပြီး ဗုံးအလုံးရေ ၆၀ နီးပါး ဆက်တိုက် ကြဲချတိုက်ခိုက်သွားခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

မုံရွာနဲ့ဝက်လက်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ စစ်ကိုင်းတိုင်း မုံရွာနဲ့ ဝက်လက်မြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF ရဲဘော်တစ်ဦး သေဆုံးပြီး အရပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

သံတွဲမြို့နယ်ထဲ ဗုံး ထပ်ကြဲလို့ အရပ်သား ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်လာပါတယ်။

မဘိမ်းမြို့နယ်ထဲ စစ်ကောင်စီတပ် ဗုံးကြဲ၊ ထိခိုက်သေဆုံးမှုရှိ

ကချင်တပ်မတော်- KIA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မဘိမ်းမြို့ပေါ်နဲ့ ဘဟဲကျေးရွာထဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

ဝက်လက်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တောင်ခြမ်းဘက်နဲ့ စစ်ကိုင်း မြောက်ခြမ်းဘက်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ Wetlet Informational Network က ဒီနေ့ ဇူလိုင် ၂၈ မှာ ထုတ်ပြန်ထားပါတယ်။

သံတွဲမြို့နယ်ကို စစ်တပ်က ထပ်မံဗုံးကြဲလို့ သံဃာတော်နဲ့ ၁နှစ်အရွယ် ကလေးငယ်အပါအဝင် ၇ ဦး ဒဏ်ရာရ

ရခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်လို့ သံဃာတော်နဲ့ ကလေးငယ်အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အာဇာနည်နေ့မှာ AA ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦး သေဆုံးပြီး သံဃာတော် ၃ ပါးအပါအဝင် ၂၉ ဦး ဒဏ်ရာရ

မနေ့ ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တစ်ရက်ထဲမှာတင် စစ်ကောင်စီတပ်က အာရက္ခတပ်တော်-AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၅ ဦးသေဆုံးပြီး သံဃာတော်အပါအဝင် ၂၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။