စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး ဒဏ်ရာရ နေအိမ် ၂ လုံးထိပျက်စီး
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်က ပျဥ်းမပင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၂ လုံး မီးပျက်စီးခဲ့ပြီး ဒေသခံ ၁ ဦးလည်း ထိမှန်ဒဏ်ရာရသွားခဲ့တယ်လို့ KNU ကဒီနေ့ ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။