သူငယ်ချင်းက လိမ်ခေါ်လို့ တရုတ်မယားဖြစ်သွားမယ့် အခြေနေနဲ့ ကြုံခဲ့ရတဲ့ ကူမဲမြို့က အမျိုးသမီးတစ်ဦး ခိုးပေါက်ကဝင်လို့ဆိုပြီး မန်စီမှာ အဖမ်းခံထားရ

‎မန္တလေးတိုင်း ကျောက်ဆည်ခရိုင် ကူမဲမြို့က အမျိုးသမီးတစ်ဦးကို တရုတ်ပြည်ရှ်ိ သူငယ်ချင်းဖြစ်သူမှ တရုတ်မယားအဖြစ် လိမ်လည်ခေါ်ဆောင်ခဲ့ပြီး ခိုးပေါက်ကနေ ဝင်တာကြောင့် လက်ရှိမှာတော့ မန်စီမြို့မှာ အဖမ်းခံထားရကြောင်း သူနဲ့နီးစပ်သူ အမျိုးသားရဲ့ ပြောပြချက်အရ သိရပါတယ်။

ရွှေလီမှာ အလုပ်သွားလုပ်တဲ့ နမ့်ဆန်က အမျိုးသမီးတစ်ဦး ၂ လကျော်ကြာ ပျောက်ဆုံးနေ

တအာင်းတပ်-PSLF/TNLAထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့က အမျိုးသမီးတစ်ဦး တရုတ်ပြည် ရွှေလီမြို့မှာ အလုပ်သွားလုပ်ရာကနေ ၂ လကျော်ကြာ မိသားစုဝင်နဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။

ကွတ်ခိုင်တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို MNDAA က လျော်ကြေးပေးမယ်လို့ ပြောဆိုထားပေမဲ့ ၃ လကျော် ကြာတဲ့အထိ မပေးသေး

ကိုးကန့်တပ်- MNDAA က ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ရှိ တအာင်းတပ် – TNLA ရဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့ချိန်မှာ ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်နဲ့ ရွာဘုန်းကြီးကျောင်းအဆောင်တွေ ပြန်လည်ပြုပြင်ပေးမယ်လို့ ကိုးကန့်ဘက်က ပြောဆိုထား‌ပေမယ့် လက်ရှိအချိန်ထိ လာပြုပြင်ပေးတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ခိုးပေါက်ကနေ ဝင်လာပြီး ရွှေလီမြို့မှာ အလုပ်ဝင်ရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား ၄၆ ဦး ဖမ်းဆီးခံရပြီး မြန်မာဘက် ပြန်ပို့ခံရ

ခိုးပေါက်ကနေ ဝင်လာပြီး အလုပ်ဝင်ရောက်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား ၄၆ ဦးကို တရုတ်ရဲက တရုတ်ပြည် ရွှေလီမြို့မှာ ဖမ်းဆီးရမိခဲ့ပြီး မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီး တရုတ်ပြည်ဝင်ခွင့်လည်း ပိတ်ပင်ခံရကြောင်း သိရပါတယ်။

မူးမြို့နယ်မှာ ဒေသခံ ၂ ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ခလယ်လွီထူခရိုင် မူးမြို့နယ်မှာ စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို အရပ်သား ၂ ဦးက နင်းမိခဲ့ပြီး သေဆုံးသွားခဲ့တယ်လို့ KNU က မနေ့ ဇူလိုင်လ ၉ ရက်မှာ ထုန်ပြန်ထားပါတယ်။

ကျောက်မဲမှာ ခါးကန်လက်ဖက်စို တစ်ပိဿာကို ၅၆၀၀ ကျပ်အထိရရှိတာကြောင့် အရင်နှစ်ထက် ဈေး ၂ ဆနီးပါးမြင့်တက်လာ

ရှမ်းမြောက် ကျောက်မဲမြို့နယ် တောင်ပေါ်ကျေးရွာတွေမှာ ထုတ်လုပ်တဲ့ လက်ဖက်စိုတစ်ပိဿာကို အမြင့်ဆုံး ၅၆၀၀ ကျပ်အထိရနေပြီး အရင်နှစ် ၃၀၀၀ ကျပ်ကျော် ဈေးနှုန်းထက် ၂ ဆနီးပါးလို့ မြင့်တက်လာတယ်လို့ လက်ဖက်လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။

ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရပြီးနောက် လားရှိုးမြို့ခံတွေ ဆီအလုအယက် ဝယ်ယူနေကြ၊ မြို့အဝင်အထွက်ကို စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထား

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် မြို့ခံတွေ ဆီအလုအယက် ဝယ်ယူနေကြတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးကျရောက် ‌ ပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ပို့လဘား၊ ဇူလိုင် ၉ ရက်၊ လားရှိုး ဒီနေ့ ဇူလိုင်လ ၉ ရက် ညနေ ၄ နာရီခွဲကျော်မှာ…

လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ စဉ့်ကူးမြို့နယ်က ဒေသခံ ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Wetlet Informational Network မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ရွှေဖီမြေကိုာပြောပါတယ်။